ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၉

          ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်သည့် တစ်သျှူးငှက်ပျောများကို နိုင်ငံ တကာအရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်တင်ပို့ဖြန့်ဖြူးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင် ရွက်မည့် လုပ်ငန်းများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကွင်းဆင်းစစ်‌ဆေး၍ ခွင့်ပြုဆောင်ရွက်သွားရန်လိုကြောင်း သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့် ပြည် နယ်၏ စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး ခွင့်ပြု ချက်တင်ပြလျှောက်ထားလာမှုများအပေါ် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စနစ်တကျကွင်းဆင်းစစ် ဆေးပြီး ခွင့်ပြုပေးနိုင်ရေး တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောကြ ပှညနြယကြောမြတီအတှငြးရေးမှူး၊ ပှညနြယရြငြးနှီးမှှုပနြှံမှုနှင့ြ ကုမျပဏီမွားညှှနြ ကှားမှုဦးစီးဌာန၊ ညှှနကြှားရေးမှူး ‌ဒေါကတြာသိမ့သြိမ့မြိုးက (၅/၂၀၂၂)ကှိမမြှောကြ အစညြးအဝေး ဆုံးဖှတခြကွမြွားအပေါြ ဆောငရြှကပြှီးစီးမှုအခှအနေမွေားနှင့ြ နိုငငြံတကာ အရညအြသှေးမီ တဈသွှူးငှကပြွော စိုကပြွိုးထုတလြုပတြငပြို့ဖှန့ဖြှူးခှငြးလုပငြနြးအတှကြ ကုမျပဏီ(၂)ခုမှအတညပြှုမိန့ြ ထုတပြေးနိုငရြေး တငပြှလွှောကထြားလာမှုမွားကို ရှငြးလငြးတငပြှရာ သကဆြိုငရြာကုမျပဏီတာဝနြ တာဝနရြှိသူမွားက အစညြးအဝေးဆုံးဖှတခြကွအြရ ပှငဆြငဆြောငရြှကထြာထးရှိမှုမွားကို အသီးသီး ရှငြးလငြးတငပြှကှသညြ။

          ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများက တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်းများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်း‌ပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။