Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

(၂၀၂၂)ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၅

          နှစ်စဉ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ဘုံကထိန်ပွဲတော်ကို ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒွါဒသမ အကြိမ်မြောက်အဖြစ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ (၅) ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်း အနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။

          ယင်းနောက် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင်၊ခေမာသီဝံကျောင်းတိုက်ဆရာတော်အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ငါးပါးသီလခံယူ ဆောက် တည်ကြပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားတော်များ နာ ကြားခဲ့ကြကာ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ကြွရောက်တော်မူလာကြသည့် သံဃာ တော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

ယနေ့ အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ ပဒေသာပင် စုစုပေါင်း(၅၇)ခုကို ဆက်ကပ်လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး လှူဒါန်းခဲ့ကြ သည့် ကထိန်လျာသင်္ကန်းများနှင့် ပဒေသာပင်များကို မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ ပို့ဆောင် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။