နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများထံ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာများထံ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၇

          နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာများထံ ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် အညီ လွှဲပြောင်းပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင် ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိူးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကျေးရွာများထံ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံး လွှဲပြောင်းသုံးစွဲနိုင်ရေးနှင့် အချိန်နှင့် တစ်ပြေးညီ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေက စီမံကိန်းလုပ်ငန်းများတွင် ချေးငွေများ လွှဲပြောင်းအပ်နှံနိုင်ရေးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ကြပ်မတ်သုံးစွဲသွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ချေးငွေများကိုကျေးရွာကော်မတီများထံ လွှဲပြောင်းအပ်နှံသွားမည့် အစီအမံများ၊ ဘဏ္ဍာ ရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ထပ်မံရင်းနှီးမတည်ပေး နိုင်ရေးလုပ်ငန်းကဏ္ဍအလိုက် မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များအပေါ် သုံးသပ်တင်ပြဆွေး နွေးတင်ပြကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချူပ်က မတည်လွှဲပြောင်းသွားမည့် ရန်ပုံငွေများ ကို တောင်သူများလက်ဝယ် အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းပေးနိုင်ရေး၊ လုပ်ငန်းများ လျင်မြန်စွာ စတင်လည်ပတ်နိုင်ရေး သက်ဆိုင်ရာခရိုင်အဆင့်ကော်မတီအဖွဲ့များက လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။