ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းခြင်းနှင့် ခရိုင်အတွင်းရှိ IDP Camps တာဝန်ခံများနှင့်

ဗန်းမော်     ဧပြီ      ၂၀           ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်အတွင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။           ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်က ဗန်းမော်ခရိုင် အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် တာဝန်ရှိသူ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၊ လူမှုရေး အသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန် အမှာစကားပြောကြားပြီး ဗန်းမော်၊မံစီ၊မိုးမောက်မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌတို့က မိမိတို့မြို့နယ်အလိုက် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ် ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချပေးရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၂၁ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လတ်လလောပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သည့် သတင်းအမှားများကြောင့် မြစ်ကြီးနားမြို့ရှိ စက်သုံးဆီသုံးစွဲသူပြည်သူများ စိုးရိမ်ပူပန်မှုနှင့်အတူ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေ များအပေါ် စက်သုံးဆီလက်လီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ပုံမှန်အတိုင်း ရောင်းချနိုင် ရေးအတွက် ဧပြီ ၂၀ ရက် နံနက် ၉ နာရီက စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ သိုလှောင်းဖြန့်ဖြူးရေးဌာန (မြစ်ကြီးနား)ရုံး၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထိုသို့တွေ့ဆုံညှိနှိုင်းစဉ် ပြည်နယ်ဝန်ကြီးက စက်သုံးဆီလက်လီရောင်းချနေသည့် အရောင်း ဆိုင်လုပ်ငန်းရှင်များ၏ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများ၊ ပြည်သူ များ စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူမှုအပေါ် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ရောင်းချဖြန့်ဖြူးနိုင်သည့် အခြေအနေများ၊ ရောင်းချဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လက်ရှိဖြစ်ပေါ်လျက်ရှိ သည့် အခြေအနေများ၊ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ(MOU)ပါ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ရေးနှင့် တိရစ္ဆာန်အစာအဖြစ် အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့

မြစ်ကြီးနား     ဧပြီ ၂၀           ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေး အတွက် နားလည်မှုစာချွန်လွှာ(MOU)ပါ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ၏ ပဏာမ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက် အမှာစကားပြော ကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် မြန်မာ- တရုတ်နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာရေးထိုး နိုင်ရေးနှင့် လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်း ရှင်အသင်းအဖွဲ့များပါဝင်သည့် ဆပ်ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အချင်းချင်းပေါင်းစပ် ညှိနှိုင်းပြီး ကုန်သွယ်မှုဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍအလိုက် သီးနှံများ၊ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်(၉)ရပ်ကွက်သို့ ရေပေးဝေရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား        ဧပြီ ၁၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့နေလူထု သောက်သုံးရေအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဧရာဝတီမြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းနှင့် ကျိန်ခရန်ချောင်းရေ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ ၁၈ ရက် ညနေ ၄ နာရီက စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။             ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးတို့က မြစ်ကြီးနား မြို့ ရေပေးဝေရေးလုပ်ငန်းအတွက် သီတာမြစ်ရေတင် ရေပေးဝေရေးစနစ်နှင့် မြို့မ မြစ်ရေတင်ရေပေးဝေရေး စနစ် (၂)ခုဖြင့်လည်းကောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ ရန်ပုံငွေ (JICA ODA Loan) […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ဝိုင်းမော်မြို့နယ်ရှိ တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများကနှစ်ဆန်း(၁)ရက်နေ့ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲကျင်းပ

မြစ်ကြီးနား     ဧပြီ ၁၈           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုင်းဆာ(ခ)မိုင်းသာရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီက ကြီးမှူးကျင်းပသည့် တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများ၏  မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဆန်း(၁) ရက် နေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားပူဇော် ကန်တော့ပွဲ အခမ်းအနားကို ဧပြီ ၁၈ ရက် နံနက် ၈ နာရီခွဲတွင် ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ ယင်းကော်မတီရုံး၌ ကျင်းပပြုလုပ်သည်။           တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများ၏ ရိုးရာမြီးရှည်ဆွမ်းဆက်ကပ်လှူပွဲနှင့် သက်ကြီး ဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တက်ရောက် အားပေးခဲ့ကြပြီး တိုင်းဆာစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ ငွေကျပ် ၅ သိန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ် ၅ သိန်းနှင့် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ်များနှင့်

  မြစ်ကြီးနား     ဧပြီ ၁၈           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ခရိုင်၊ မြို့နယ်အလိုက် လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦး ရေ၏ ၆၆.၄၆ ရာခိုင်နှုန်းထိုးနှံနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ခရိုင်၊ မြို့နယ် များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အောင် မြင်ချောမောစွာ ဆောင်ရွက်နိုင်ရေး စီမံချက်များကို ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ပြညနယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၇           ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်စဉ်မပျက်ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက် ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနားများကို ဧပြီ ၁၇ ရက် နံနက် ပိုင်းက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများက ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါး ကြင်း၊ ငါးခုံးမကြီးကောင်ရေ (၂)သိန်းကျော်ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။           ထိုမှတစ်ဆင့် […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၆ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုရပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ သင်္ကြန်အတက်နေ့ ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက ယိမ်းအကလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ဆုရယိမ်းအဖွဲ့များအား ဆုချီးမြှင့်ရာတွင် စီဒီခွေသင်္ကြန် သီချင်းနှင့် ကိုယ်ပိုင်သံစဉ်/စာသား/ ဆိုင်းဝိုင်းပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအနက် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများနှင့် နှစ်သိမ့်ဆုရယိမ်းအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က ဆုဖလား၊ […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ

မြစ်ကြီးနား     ဧပြီ ၁၆           ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက် နေ့ ဧပြီ ၁၆ ရက်တွင် နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် တို့တွင် ရေပက်ကစားသူများ၊ လည်ပတ်သူများဖြင့် ယခင်နေ့များထက် သင်္ကြန်ချစ်သူများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ က ကြည့်ရှုအားပေးခဲ့ကြပြီး အတာရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။           မဟာသင်္ကြန်အတက်နေ့ နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၌ မြို့ပေါ်ရပ်ကွက် ယိမ်းအဖွဲ့များနှင့် ဌာန ဆိုင်ရာယိမ်းအဖွဲ့များ၏ ယိမ်းအကအလှများ၊ခေတ်ပေါ်တေးသီချင်းသီဆိုမှုများဖြင့်ဖျော်ဖြေတင်ဆက် လျက်ရှိရာ သင်္ကြန်ချစ်သူများ လာရောက်လည်ပတ်ကြပြီး ပျော်ရွှင်စွာကခုန်ရေကစားမှုကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှု […]ဆက်လက်ဖတ်ရှူရန်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ရေကစားသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ရေကစားသူများဖြင့်စည်ကားနေ

မြစ်ကြီးနား     ဧပြီ ၁၅           ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီ ၁၅ ရက်တွင် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် ရေကစား သူများ၊ လည်ပတ်သူများဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေသဘင်မဏ္ဍပ်များသို့ သွားရောက်ပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများသည် မြစ်ကြီးနားလေတပ်စခန်းဌာန ချုပ်မိသားစု အတာရေသဘင်ပွဲတော်သို့ တက်ရောက်ကြပြီး လေတပ်စခန်းဌာနယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးသီချင်းများ သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြကာ လေတပ်စခန်းဌာနချုပ် တပ်ရင်းတပ်ဖွဲ့မိသားစုများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။           ထိုမှတဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး […]ဆက်လက်ဖတ်ရှူရန်