admin

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များအတွက် ပြည်နယ်သင်တန်းသား ရွေးချယ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     မေ ၂၁           နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့အတွက် ကချင်ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်(၁)ကို မေ ၂၁ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီနာယက၊ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နယ်စပ်ရေးရာဝန်ကြီးဌာန၏ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များသည် နယ်စပ်ဒေသများနှင့် အမှန်တကယ် ခက်ခဲသည့်ဒေသများအတွက် တန်ဖိုးရှိသည့် ဝန်ထမ်းကောင်းများကို လေ့ကျင့်မွေးထုတ်ပေးနေပါကြောင်း၊ ဒါ့ကြောင့်ဒီနေ့ပြည်နယ်အတွင်းမှာရှိ သည့် တိုင်းရင်းသားလူငယ်များကို တက်ရောက်နိုင်ရေးအတွက် အရည်အချင်းကိုက်ညီသည့် သင်တန်း သားများကို ရွေးချယ်စေလွှတ်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း တိုက်တွန်းမှာကြား သည်။           ထို့နောက် ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်…

Read More