ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ငြိမ်းချမ်းပျော်ရွှင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းပေါင်းစပ်
မြစ်ကြီးနား ဇွန် ၁၇ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ စုပေါင်းပါဝင်ပြီး စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်ခြင်းတို့ကို ဖော်ဆောင်သည့်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ယခင်နှစ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးဖလားအဖြစ် ကျင်းပခဲ့သော မျိုးနွယ်စုပေါင်းစုံဘောလုံးပြိုင်ပွဲကို ယခုနှစ်တွင် အစဉ်အလာမပျက် ကျင်းပနိုင်ရေးအပြင် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများသာမက ချင်း၊ ကရင်၊ ရခိုင်တိုင်းရင်း သားများပါ ပါဝင်နိုင်ရေး ဝန်ကြီးချုပ်ဖလားအဖြစ် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘောလုံးအသင်းတစ်သင်းအတွက် ငွေကျပ် ၁၀ သိန်းစီနှင့်…