admin

ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက မြို့နယ် (၁၀)မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေဆိုင်ရာအသိပညာပြန့်ပွားရေး ဆရာဖြစ် သင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား  ဇွန် ၂၂           ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဥပ‌ဒေချုပ်ရုံး၏ ကြီးကြပ်စီမံမှုဖြင့် ပြည်သူများထံ ဥပဒေအသိပညာပြန့်ပွားရေးအတွက် အခြေခံကျသည့် မြို့နယ်(၁၀)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ အဆိုပါသင်တန်းဖွင့်ပွဲကို မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ဥပဒေအရာရှိနှင့် ခရိုင်/ မြို့နယ်ဥပဒေအရာရှိများ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စုစုပေါင်း(၁၀၀)ကျော်နှင့် ရပ်/ကျေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများနှင့် နေ့စဉ်တိုက်ရိုက်ထိတွေ့နေရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်ကချမှတ်ထားသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်ရေး အခြေခံသဘောတရားများကို သိရှိနားလည်ထားကြရန်နှင့် ဥပဒေအသိပညာပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပ‌ဒေစိုးမိုးရေးကဏ္ဍတွင် ပိုမိုတိုးတက်အောင်မြင်အောင်…

Read Full News

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပ၊ ကြယ်ပွင့်ပြ မေးခွန်း (၁၁)ခုနှင့် ကော်မတီ နှစ်ခုထပ်မံဖွဲ့စည်းနိုင်ရေး လွှတ်တော်သို့ တင်ပြ

မြစ်ကြီးနား  ဇွန် ၂၂ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လေ့လာသူအဖြစ် ဗမာတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့မှ (၃၁) ဦးတို့တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။ ထို့နောက်လွှတ်တော်ကိုယ်စားလှယ်များကလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၂)ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၃)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၁)ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခုနှင့်  စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၃)ခု…

Read Full News

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့ အားဆာကျေးရွာသွား ကားလမ်းဘေးတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မြစ်ကြီးနား ဇွန် ၂၀           ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း အားဆာကျေးရွာသွား ကားလမ်းဘေးတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယအဖွဲ့ဝင်များဖြစ်သည့် ဒေါ်မြကေသွယ်၊ ဒေါ်သွဲ့လေးအောင်နှင့် အဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဝင်းတို့က သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်စိုက်ပျိုးပေးကြမည့် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များထံ ပျိုးပင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြသည်။           ထို့နောက် သတ်မှတ်နေရာအသီးသီး၌ နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက သစ်အယ်၊ ရေပိတောက်၊ သရက္ခံ၊ စိန်ပန်း၊ ပျဉ်းကတိုး၊ စိန်ပန်း စသည့် အရိပ်ရနှစ်ရှည်ပင်များအား တစ်ပျော်တစ်ပါး…

Read Full News

မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများထံ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြစ်ကြီးနား  ဇွန် ၂၀           ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် မြစ်ကြီးနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသောနှုန်းထားဖြင့် ယနေ့ နံနက်ပိုင်းကစတင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။           ထိုသို့ စက်သုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်၌ တပ်ကုန်းရပ်ကွက်၊ နောင်နန်းနှင့် မန်ခိန်ရပ်ကွက်များအတွင်းရှိ တောင်သူများအတွက် တစ်ဧကအတွက် နှစ်ဂါလံနှုန်းဖြင့် တစ်လီတာလျှင်ငွေကျပ် ၄၇၆၉ ကျပ်၊ တစ်ဂါလံလျှင် ၂၁၄၆၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။…

Read Full News

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း အားဆာကျေးရွာသွားလမ်းတွင် ဒုတိယအကြိမ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပြည်နယ်အဆင့်) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ၊ ကမ်းနားလမ်းတစ်လျှောက် Cleaning Campaign အစီအစဉ်ဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား  ဇွန် ၂၀           ၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်၊ အားဆာကျေးရွာသွားလမ်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး‌ရာဝန်ကြီးက ယနေ့ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်းဖြစ်ပြီး “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဟူသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးက မြေဆီစိုခိုက်သစ်ပင်စိုက်ဆိုသကဲ့သို့ အရိပ်ရပင်၊ လေကာပင်၊ ပန်းအလှပင်၊ နှစ်ရှည်စားပင်သီးပင်၊ ရတနာတန်းဝင်သစ်မျိုးများကို မိမိတို့နေအိမ်ဝင်း၊ ခြံဝင်း၊ ရုံးဝင်း၊ ကျောင်းဝင်းနှင့် မြေလွတ်၊ မြေလပ်နေရာများတွင် စိုက်ပျိုးပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။…

Read Full News

ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စက်မှုလယ်ယာ စနစ်တကျ လယ်မြေဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် လယ်ယာသုံးစက်ကိရိယာများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန် ၁၉           ကချင်ပြည်နယ်အတွင်း စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စက်မှုလယ်ယာစနစ်တကျ လယ်မြေဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးနှင့် လယ်ယာသုံးစက်ကိရိယာများအား တောင်သူများတွင်ကျယ်စွာ၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယနေ့နံနက်ပိုင်းက ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လယ်ယာသုံးစက် ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံးခန်းမ၌ ပြည်နယ်ဦးစီးမှူး၊ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ အရာထမ်း/ အမှုထမ်းများနှင့်တွေ့ဆုံပြီး စက်မှုလယ်ယာစခန်းအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ထွန်ယက်ပေးခြင်း၊ ရိပ်သိမ်းခြွေလှေ့ခြင်းနှင့် ကောက်စိုက်ခြင်းစသည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ယခုနှစ် ၂၀၂၆-၂၀၂၇ တွင် လျာထားဆောင်ရွက်မည့်အစီအစဉ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေရရှိမှုအခြေအနေများနှင့် လယ်ယာသုံးစက်ကိရိယာကြွေးကျန်ကောက်ခံရရှိမှုနှင့် ကျန်ရှိမှုအခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်…

Read Full News

မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်နိုင်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇွန် ၁၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဒေသတွင်းရှိ ဘက်စုံ၊ ကဏ္ဍစုံတွင် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်နိုင်ရေးတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထိုသို့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြသည့် ရဲတပ်ဖွဲ့ဝင် အမျိုးသမီးများ၊ ရေကြီးမြင့်ဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင် အမျိုးသမီးများ၊ သွေးလှူဒါန်းမှုအကြိမ်ရေ ၂၀ နှင့်အထက် ဌာနဆိုင်ရာများ အမျိုးသမီးဝန်ထမ်းများ၊  MSME စီးပွားရေးလုပ်ငန်းများတွင် ထူးချွန်အမျိုးသမီးလုပ်ငန်းရှင်များ၊ လူမှုရေးရာကဏ္ဍများနှင့် အားကစားဘက်ဆုတံဆိပ်ရရှိသည့် ထူးချွန်ထက်မြက်သည့် အမျိုးသမီးများအား စိစစ်ရွေးချယ်ခဲ့ကြပြီး…

Read Full News

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ Placement Test စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်း သား/ ကျောင်းသူများအား ကြည့်ရှုအားပေး

မြစ်ကြီးနား  ဇွန် ၁၈           ကချင်ပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းနေအရွယ်ကလေးများ အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် Placement Test ကို မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် စာစစ်ဌာနဖွင့်လှစ်၍ ဖြေဆိုလျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့နံနက်ပိုင်းက အမှတ် (၅) အခြေခံပညာအထက် တန်းကျောင်းစာစစ်ဌာနသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ကျောင်းတွင်းစာသင်ဆောင်များ၌ ကျောင်းအုပ်နှင့် သင်ကြားရေးဆရာ၊ ဆရာမများက ကြီးကြပ်မှုဖြင့် Placement Test (အထူးအစီအစဉ်)ဖြင့် အရည်အချင်းစစ် စာမေးပွဲကို Grade-7 အတန်းအတွက် စာရင်းရှိဦးရေစုစုပေါင်း ၄၀၇ အနက်…

Read Full News

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

မြစ်ကြီးနား   ဇွန် ၁၈ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လေ့လာသူအဖြစ် (၄၃)ဦးတို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။ ထို့နောက်လွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၂)ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း(၁)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၁)ခုနှင့်  စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၁)ခုကို စုစုပေါင်းကြယ်ပွင့်ပြမေးခွန်း(၇)မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်…

Read Full News

မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်း၌ လမင်းစီမံချက်ဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

မြစ်ကြီးနား ဇွန် ၁၇           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အသက် (၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြ သည်။           ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး  တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်ဝင်းဦးတို့က မြို့နယ်ဦးစီးမှူးရုံးမှ အဆိုပါကျောင်း၌ လမင်းစီမံချက်ဖြင့် နေ့ချင်းအပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကျောင်းသား/ကျောင်းသူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။           ထို့နောက်…

Read Full News