admin

စက္ခုဒါအနအဖြစ် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသ ပေးခြင်းလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား အောက်တိုဘာ ၂၃ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ သဲဖြူဆရာတော်အားအမှူးထား၍ ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးစီစဉ်မှု၊ အလှူရှင် များ၏ လှူဒါန်းမှုဖြင့် ဒေသခံပြည်သူများအား စက္ခုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းကို စေတနာအပြည့်ဖြင့် စမ်းသပ်ကုသဆောင်ရွက်ပေးခဲ့ကြသော မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။           အဆိုပါ ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ စက္ခုနှစ်ကွင်းအလင်းရအောင် စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးကြသူများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့က မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားကာ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပူးပေါင်းပါဝင်ကူညီပေးကြအဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများဖြင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

Read More

ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်အမြတ်ပွဲတော်နေ့ဖြစ်သည့် ဒီပါဝလီ မီးထွန်းပွဲတော်သို့တက်ရောက်၊ စက္ခုဒါနအဖြစ် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား  အောက်တိုဘာ ၂၃ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ရှိ သီရိရာမဂျာနကီဟိန္ဒူဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သည့် ဒီပါဝလီမီးထွန်းပွဲတော်သို့ တက်ရောက်ခဲ့ကြရာ ဟိန္ဒူဘာသာဝင်များက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။           ယင်းနောက် ဘုရားကျောင်းဂေါပကအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးဆန်ဂျေူကူးမားက ၎င်းတို့၏ အထွဋ်အမြတ်ပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်ပေးသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာပါကြောင်းနှင့် ဒီပါဝလီနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းတင်ပြသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယခုလို ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ဒီပါဝလီနေ့ကို တက်ရောက်ခွင့်၊ ပါဝင်ဆင်နွှဲခွင့်ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဘာသာတရားအမျိုးမျိုး ကွဲပြားသော်လည်း ဘာသာတရားတိုင်းသည် စစ်မှန်သောငြိမ်းချမ်းရေးနှင့် လောကပါလတရားထွန်းကားရေးကို အဓိက သွန်သင်ဆုံးမခြင်းများတွင် တူညီသောအနှစ်သာရရှိကြပါကြောင်း၊ ထို့ကြောင့် မိမိတို့ ယုံကြည်ကိုးကွယ်သော ဘာသာ တရား၏ သွန်သင်ဆုံးမမှုကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့သို့ တက်ရောက်

မြစ်ကြီးနား အောက်တိုဘာ ၂၃           ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဒေသခံများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများကို သိရှိနားလည်ပြီး ဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝသိရှိနားလည်စေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဖိုရမ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ စာရေးဆရာ အကြီးကိုကို(ကသာ)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဖိုရမ်ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်းသရုပ် ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဖိုရမ်ကို…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အား ပို့လွှတ်‌ရေးနှင့် ကွပ်ကဲ‌ ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံထောက်ပံ့

မြစ်ကြီးနား  အောက်တိုဘာ  ၂၂           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ  ဝိုင်းမော်မြို့နယ် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဝိုင်းမော်ပင်မ ဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်းမှူးရုံးရှိ ဝန်ထမ်းများနှင့် ယနေ့ မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ အဆိုပါဓာတ်အားခွဲရုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေး ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ အလေး ထားလုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးကိုဂရုပြု၍ နေထိုင်ကြရမည်ဖြစ်ပါကြောင်း မိမိတို့အနေဖြင့် ယနေ့ဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အလျဉ်းသင့်သလို ထောက်ပံ့ပေးလျက်ရှိရာပါကြောင်း၊ ထို့ပြင် ဝိုင်းမော်မြို့အနေဖြင့်  ဒေသတည်ငြိမ်အေးချမ်းပါက ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်နိုင်သည့်အတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး ဝန်ထမ်းများအနေဖြင့် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားပြီး ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်က…

Read More

မြစ်ကြီနားမြို့ ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်

မြစ်ကြီးနား အောက်တိုဘာ ၂၂           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ နိူင်ငံရတနာခန်းမ၌ ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်မှ ‌ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပွဲတော်အတွက် လူထုအခြေပြုဗဟိုဌာန (မြစ်ကြီးနား)တွင် ကျင်းပခဲ့သည့် ကျပန်းနှင့် ပုံပြင်ပြော ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/‌ကျောင်းသူလေးများက ပြိုင်ပွဲဝင်ပုံစံဖြင့် သရုပ်ပြသခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့်အတူ စာရေးဆရာနန္ဒ၏ ငါ့ဓား၊ ငါ့သွေး၊…

Read More

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် စီတာပူနှစ်ခြင်းအသင်းတော်တို့ရှိ ဓမ္မအမှုတော်ဆောင်များအား အခြေခံစားသောက်ကုန်များ လှူဒါန်းထောက်ပံ့

မြစ်ကြီးနား     အောက်တိုဘာ ၂၂ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ပြည်နယ်ကော်မတီ၏ အတည်ပြုမိန့်ရယူကာ ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်းပေါင်း (၂၁)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ (၄၂၂၀၁ ဒဿမ ၆၆၉)ကျပ်သန်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း (၁၆)ခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁၂၉၄၄ ဒဿမ ၉၈၅)သန်း ရှိပြီဖြစ်ပါကြောင်း၊ ယနေ့ ပြည်နယ်၏ စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည့် အစီအမံများအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် လိုအပ်ပါကြောင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်)သို့ တက်ရောက်

မြစ်ကြီးနား     အောက်တိုဘာ ၂၂           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ကျင်းပသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်)ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကို လော်ဝေါ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့က တေးသီချင်း သရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပေးကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ကို ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်၏ အသက်ဖြစ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုသိရှိလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ စကား၊ စာပေနှင့် ဒေသဖွံ့ဖြိုးရေးများကို ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တိုင်းရင်းသားအခွင့်အရေးများ…

Read More

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     အောက်တိုဘာ ၂၂           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့်တွေ့ဆုံပြီး စီတာပူရပ်ကွက်၊ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်မည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့သည် ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ကြပြီး ညွှန်ကြား‌ရေးမှူးရုံး၌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီးတို့မှ လှူဒါန်းထားသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြ ပုံစံတူအရုပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထို့နောက် ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်အားပေးချီးမြှင့်၊ ရန်အောင်မြင် (ဘုမ္မော)ဘုန်းတော်ကြီးကျောင်း၌ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

မြစ်ကြီးနား  အောက်တိုဘာ ၂၁             ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အမှတ် (၉) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။             ရှေးဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုဒ်ဦးကို အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။             ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်အားပေးချီးမြှင့်၊ ရန်အောင်မြင် (ဘုမ္မော)ဘုန်းတော်ကြီးကျောင်း၌ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

မြစ်ကြီးနား  အောက်တိုဘာ ၂၁           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုဒ်ဦးကို အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတ‌ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများအား ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ ဦးဆောင်ကြိုဆို၍ ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းမများ၌ ကျောင်းသားလူငယ်များ စာပေကိုဖတ်ရှုလေ့လာပြီး ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်ကောင်းမွန်စေရေး၊…

Read More