ကချင်ပြည်နယ်ဝန်ကြီးချုပ် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၂၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများအတွက် စက်သုံးဆီ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မကြာမီကာလအတွင်း မိုးစပါးစိုက်ပျိုးရမည့် အချိန်ကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ထယ်ရေးဝင် ထွန်ယက်ချိန်တွင် တောင်သူများ စက်သုံးဆီသုံးစွဲနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အပြင် ဒေသတွင်း စက်သုံးဆီခြိုးခြံချွေတာရေးအတွက် စီမံဆောင်ရွက်ရာတွင် လမ်းညွှန်ကြေညာချက်များနှင့်အညီ စက်သုံးဆီသုံးစွဲသူ ပြည်သူများ အလေးထားလိုက်နာနိုင်ရေးကိုလည်း စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် စက်သုံးဆီဈေးနှုန်း တည်ငြိမ်စေရေး စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များအား ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြုးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က…