
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
မြစ်ကြီးနား မတ် ၁ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က စတင်၍ အသင်းပေါင်း ၁၂ သင်းဖြင့် တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းဘာသာအသင်းနှင့် မြန်မာစာနှင့်ဒဿနိကတို့ ပူးပေါင်းထားသည့် မလိဧရာဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားကြမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချူပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့်…