မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် မနောလိဂ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

 မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် မနောလိဂ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ် တရားလွတ်တော်တရားသူကြီးချုပ်ဦးတူဂျာ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှု အား‌ပေးခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာ စကားပြောကြားပြီး ဂျုနီယာစတားဘောလုံးအသင်းနှင့် နောင်ရာ ဘောလုံးအသင်းတို့က ယှဉ်ပြိုင် ကစားခဲ့ကြရာ နောင်ရာအသင်းက (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ကချင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နည်းပြအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ အနောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ အရှေ့တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်‌‌ လျှောက်အကောင်းဆုံးဆု၊ ပွဲစဉ်တစ်‌လျှောက်ဂိုးသွင်းအများဆုံးဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု ရရှိသူများကို ငွေသားဆုနှင့် ဆုတံဆိပ်များကိုလည်းကောင်း၊ တတိယဆုရ U25 FC ဘောလုံးအသင်းနှင့် ဒုတိယဆုရ Kachin Youth FC ဘောလုံးအသင်းတို့ကို တစ်ဦးချင်းလည်ဆွဲနှင့် ငွေသားဆုများကို လည်းကောင်း၊ ပထမဆုရ NAU Ra(နောင်ရာ)FC ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲ၊ ငွေသားဆုနှင့် ဆုဖလားကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။