ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများအား သွားရောက်လှူဒါန်း၊ ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ကွင်းဆင်းစစ်ဆေး၊ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများအား သွားရောက်လှူဒါန်း၊ ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ကွင်းဆင်းစစ်ဆေး၊ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၃

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဗန်းမော် မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ပေါ်ရှိ ဘာသာရေးကျောင်း များသို့ သွားရောက်ပြီး ဆုတောင်းမေတ္တာပို့သမှုခံယူကာ လှူဒါန်းမှုများကို ဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစကခမှူး (ဗန်းမော် တပ်နယ်မှူး) ဗိုလ်မှူးကြီးထွဋ်ခေါင်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ ဗန်းမော်ခရိုင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရုံး၌ နှစ်ခြင်းခရစ်ယာန်အသင်းတော်အသီးသီးမှ သိက္ခာတော်ရဆရာတော်များ၊ အသင်းတော်တာဝန်ရှိသူများနှင့် သွား‌ရောက်မိတ်ဆက်တွေ့ဆုံခဲ့ကြသည်။

ထိုသို့ မိတ်ဆက်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆုတောင်းမေတ္တာပို့သမှုဖြင့် ပါဝင်ကူညီကြရေး ပြောကြားပြီး အဖွဲ့ ချုပ်အတွက် သစ်သီးပန်းခြင်းနှင့် အလှူငွေကျပ် (၅)သိန်း၊ အသင်းတော်အသီးသီးမှ သိက္ခာတော်ရ ဆရာတော်များအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ သိက္ခာတော်ရဆရာတော်များ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

ယင်းနောက် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦးကျောင်းတိုက်သို့ သွား ရောက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကေသဝအား သွားရောက်ဖူးမျှော် ကြည်ညိုကြကာ သစ်သီးခြင်းနှင့် အလှူငွေကျပ် (၅)သိန်းကို လည်းကောင်း၊ ထိုမှတစ်ဆင့် ပေါက်ကုန်းရပ်ကွက်ရှိ ကက်သလစ်အသင်းတော်ဘုရားကျောင်းသို့သွားရောက်ပြီး ဖာသာရေမွန်ဆွမ် လွတ်ဂမ်၊ အသင်းသားအသင်းသူများနှင့် မိတ်ဆက်တွေ့ဆုံကာ သစ်သီးခြင်းနှင့် အလှူငွေကျပ် (၅)သိန်းကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဗန်းမော်ခရိုင် တည်ငြိမ်အေးချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သမှုကို ခံယူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ အခြေခံပညာ Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားဝင်းအတွင်းရှိ မဟာသိမ်တော်ကြီး ဓမ္မာရုံ၌ လတ်တလောနယ်မြေ မတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မံစီမြို့နယ်အတွင်းရှိ စီခမ်းကြီး ကျေးရွာ၊ စီအူကျေးရွာ၊ သံတံတားကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ရပ်/ရွာများတွင် မတည်ငြိမ်မှုကြောင့် ယခုလို ပြောင်းရွေ့လာသော မိသားစုများအနေဖြင့် အားငယ်ကြောက်ရွံ့မှုမဖြစ်ပေါ်ဘဲ မိသားစုများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးကြစေလိုကြောင်း၊ မိမိအစိုးရအဖွဲ့အနေဖြင့်လည်း မိသားစု များနှင့်အတူ ရပ်တည်ပြီး နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့် ဆည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆန်အိတ် ()၊ ခေါက်ဆွဲခြောက်ဖာ ( ) ဖာ၊ အခြေခံစားသောက်ကုန်များဖြစ် သည့် အာလူး၊ ခရမ်းချဉ်သီးနှင့် ပန်းဂေါ်ဖီများ၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုများအတွက် ဆန်ရိက္ခာ (၁)လစာအတွက် ထောက်ပံ့ငွေကျပ် (၆၁၄၇၀၀၀)ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် အမှတ်(၁၁)စစ်မြေပြင် ဆေးတပ်ရင်းရှိ ဆေးရုံသို့သွားရောက်ပြီး အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် နှင့် တပ်မတော်အရာရှိများ၊ ဆေးတပ်မှူး၊ တာဝန်ရှိသူများနှင့်အတူ ဆေးရုံအတွင်း ဆေးဝါးကုသမှုခံ ယူနေသော တပ်မတော်သားများအား လိုက်လံကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်မြို့ ဟန်းတဲရပ်ကွက်ရှိ သုခစံ ဆန်စက်သို့ သွားရောက်ပြီး တစ်ရက်လျှင် ဆန်တန် ၁၀၀ ကျ ဆန်စက်ကြီးဖြင့် စပါးများအား သန့်စင် ပြီး ဆန်အဖြစ် လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများကို လည်းကောင်း၊ အဆိုပါ ရပ်ကွက်အတွင်း ရှိ စိန်သရဖူ ဆန်စက်နှင့် အခြောက်ခံစက်ရုံသို့ သွားရောက်ပြီး တစ်ရက်လျှင် ဆန်တန်ချိန် ၁၀၀ ကျ ဆန်စက်ဖြင့် လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ယင်းနောက် စီဟဲကျေးရွာ၊ စီဟဲကွင်း၊ ကွင်းအမှတ် (၁၈၅)သို့ သွားရောက်ပြီး တောင်သူပေါင်း (၆၃)ဦးတို့၏ ကွင်းဧရိယာ (၂၃၇)ဧကအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းသီးထပ် လယ်သီးနှံစိုက်ခင်း၌ တောင်သူများနှင့် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တောင်သူများအတွက် နေကြာမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ ဖူးစားပြောင်းမျိုးစေ့အိတ်များနှင့် ပိုက်ဆံလျော်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကွင်းအတွင်း မြေထောက်ပဲ၊ မြေပဲ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာအုပ်စုအတွင်း ငါးလုပ်ငန်းဦးစီးဌာန၏ ဗန်းမော် ငါးလုပ်ငန်းစခန်းသို့ သွားရောက်ခဲ့ကြရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသတွင်း ငါးစားသုံးမှု ဖူလုံစေရေးအတွက် စခန်းဧရိယာအတွင်း မျိုးငါးကန်၊ ပြုစုကန်၊ ငါးသားဖောက်ကန်များ မှတစ်ဆင့် ငါးကြင်း၊ ငါးမုတ်၊ ငါးမြစ်ချင်း၊ ငွေရောင်ငါးကြင်း၊ ငါးသိုင်းခေါင်းပွ စသည့်ငါးမျိုးများ မွေးမြူဆောင်ရွက်ထားရှိမှု၊ ငါးမျိုးဖြန့်ဝေပေးနိုင်မှု၊ ငါးသားဖောက်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများနှင့် ငါးကြီးပြုစုကန်အမှတ် (၇)၌ မွေးမြူထားရှိသည့် ငါးမျိုးများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဟန်းတဲရပ်ကွက် ဟန်းတဲကွင်း၊ ကွင်းအမှတ် (၁၇၈)၌ ဒေသခံတောင်သူများ၏ နွေစပါးစိုက်ဧက ၁၀၀ အတွင်း နွေစပါးဓာတ်မြေသြဇာစုပေါင်းကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး တောင်သူများအတွက် နွေစပါးစိုက်ပျိုးအောင်မြင်ထွန်းရေး၊ အထွက်နှုန်းတိုးပွားရေး အတွက် စိုက်ပျိုးရေလိုအပ်ချက်ပြည့်မီစေရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆင်းဧကရီ-၃ မျိုးစပါးအိတ်များ၊ နေကြာမျိုးစေ့များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သီရိရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်ပြီး မွေးမြူရေးတောင်သူများနှင့်အတူ နို့စားနွားများ မွေးမြူထားရှိမှု၊ ကောင်ရေတိုးပွားမှုနှင့် စီးပွားဖြစ်ထွန်းမှု အခြေအနေများ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ ကြကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ ခြံဖျန်းပိုးသတ်ဆေးဘူးများ၊ ကျွဲ/ နွားရောဂါကာ ကွယ်ဆေးများနှင့် နို့စားနွားစာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲကလည်း ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး အောင်တံခွန်ခန်းမ၌ ဗန်းမော်မြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်း (Grade-12) ဖြေဆိုမည့် ကျောင်း သား/ ကျောင်းသူများအား အခြေခံပညာဦးစီးဌာနနှင့် ဗန်းမော်တက္ကသိုလ်တို့ ပူးပေါင်း၍ Grade-12 အောင်ချက်မြင့်မားရေးအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကြကာ ဗန်းမော်တက္ကသိုလ်မှ ပါမောက္ခဌာနမှူးများနှင့် ဆရာ/ ဆရာမများ အတွက် ချီးမြှင့်ထောက်ပံ့ငွေများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အဟာရကြေးအဖြစ် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဗန်းမော်မြို့ (၃)မိုင်ရွှေပြည်သာရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်း (၃၀၀)ဖြင့် ဦးသန်းအောင်၏ ကြက်မွေးမြူရေးခြံသို့ သွားရောက်ပြီး ဒေသကြက်များ မွေးမြူ ထားရှိမှုကိုလည်းကောင်း၊ (၂)မိုင်အောင်သာရပ်ကွက်အတွင်း၌လည်းကောင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈၉)သိန်း မတည်မှုဖြင့် ဦးမရန်တန်ဂွန်း၏ ဝက်မွေးမြူရေးခြံသို့ သွားရောက်ပြီး DY အသားတိုးဝက်များ မွေးမြူထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံပြီး မွေးမြူရေးလုပ်ငန်းရှင်များ အကျိုးစီးပွားဖြစ်ထွန်းစေရေး ဈေးကွက်ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ ခြံဖျန်းပိုးသတ်ဆေးဘူးများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။          

ထို့အတူ အဆိုပါရပ်ကွက်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဦးစီးမှူးရုံးက ကြီးမှူး၍ မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် တစ်အိမ်တက်ဆင်း GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်ဖွဲ့စည်းခြင်း၊ ကျေးရွာတည်နေရာများ ကောက် ယူခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု Census Units နယ်နိမိတ်များရေးဆွဲခြင်း၊ Geo Code စနစ်များ ထည့်သွင်းခြင်းစသည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းယူနစ်များ (Census Units) တွင် အဆောက် အအုံစာရင်းတင်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

ယင်းနောက် အဆိုပါရပ်ကွက်အတွင်းရှိ အောင်သာနှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ နေရပ် စွန့်ခွာပြည်သူများအား သွားရောက်တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းကုန်းရပ်ကွက်ရှိ ဗန်းမော်မြို့နယ်သမဝါယမအသင်းစုပိုင် ဆီစက်၌ ဆီစက်လည်ပတ်ထုတ်လုပ် နေမှု အခြေအနေများ၊ ဈေးကွက်တင်ပို့ရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မေတ္တာမွန်ရေကန်နှင့် အပန်းဖြေဥယျာဉ်သို့ သွားရောက်ပြီး ရေကန်သာယာလှပရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက် ၍ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကာ ရေကန်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်၍ မေတ္တာမွန်ရေကန်နှင့် အပန်းဖြေဥယျာဉ်အတွင်း ဘဏ္ဍာနှစ်အလိုက် သာယာလှ ပရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ညပိုင်းရောင်စုံမီးများဖြင့် သာယာလှပ မှု အခြေအနေများ၊ မေတ္တာမွန်ဥယျာဉ် တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ဖြင့် ဒေသခံအဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုကို လာရောက်ကြည့်ရှုအပန်းဖြေသူများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။