ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝိုင်းမော်  ဖေဖော်ဝါရီ    ၂၂

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုး‌ဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် (၂၀၂၃ – ၂၀၂၄) ဘဏ္ဍာရေးနှစ် ဝိုင်းမော်မြို့နယ်စင်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင် ဆောင်ရွက်လျက်ရှိသော ဝိုင်းမော်မြို့နယ်၊ သာဂရရပ်ကွက်ရှိ မြို့ဝင်ဆိုင်းဘုတ်အား ကျောက်ရိုးစီမြေထိန်းနံရံ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ရပ်ကွပ်(၁)၊ အမှတ်(၁၃)လမ်းနှင့် အမှတ်(၁၄) ဆက်စပ်လမ်း (အပိုင်း-၁) (၂၇၀ ပေ × ၁၄ ပေ × ၈ လက်မ) ရှိ ကွန်ကရစ်လမ်းအသစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးထားရှိမှု အခြေအနေများကို လည်းကောင်း၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ၏ အထွေထွေပိုလျှံငွေ (GRF) ဖြင့် ခင်းကျင်းလျက်ရှိသော ရပ်ကွပ်(၁)၊ အမှတ်(၁၃)လမ်းနှင့် အမှတ် (၁၄)လမ်း ကြား လမ်းသွယ် (၁) အား (၂၇၀ ပေ × ၁၄ ပေ × ၈ လက်မ) ကွန်ကရစ်လမ်းခင်းကျင်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၃) အောင်ချမ်းသားလမ်းတစ်လျှောက် (၆၉၅ ပေ × ၁၄ ပေ × ၈ လက်မ) ရှိ ကွန်ကရစ်လမ်းသစ် ခင်းကျင်းပြီးစီးထားရှိမှုကို လည်းကောင်း၊ ရပ်ကွက်(၂)၊ အမှတ် (၃) လမ်း (တပင်ရွှေထီးလမ်းမှ ဒူဝါဇော်လွမ်းလမ်းအထိ) (၃၃၀ ပေ× ၁၄ ပေ× ၈ ပေ)ရှိ ကွန်ကရစ်လမ်း အသစ်ခင်းကျင်းနေမှုကို လည်းကောင်း ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး  သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။