ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုတယ်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းများနှင့် အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာဖြစ်သင်တန်း (ASEAN National Trainer) နှင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲတို့အား ဖွင့်လှစ်ပေး၊ GRACE ကလေးသူငယ်ပြုစုပျိုးထောင်ရေး မိဘမဲ့ကလေးဂေဟာသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်
မြစ်ကြီးနား အောက်တိုဘာ ၂၀ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည် နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းက ဟိုတယ်ဆိုင်ရာအခြေခံဝန်ဆောင်မှုသင်တန်းများနှင့် အာဆီယံအဆင့်အသိအမှတ်ပြု နိုင်ငံအဆင့် သင်ကြားရေးဆရာဖြစ်သင်တန်းနှင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲများ တက်ရောက်ဖွင့်လှစ်ပေးပြီး Grace ကလေးသူငယ်ပြုစုပျိုးထောင်ရေး မိဘမဲ့ကလေးဂေဟာသို့ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ- မြောက်)ရပ်ကွက်အတွင်းရှိ အဂ္ဂါဗေ (AGAPE)ဟိုတယ်၊ ခန်းမ၌ ဒေသခံလူငယ်များအတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၃)မျိုးဖြစ်သည့် ဧည့်ကြို (Front Office)၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး (House Keeping)၊ အစားအသောက်နှင့် အဖျော်ယမကာ ဝန်ဆောင်မှု (Food & Beverages –…