admin

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း သားငါးဈေးနှုန်းတည်ငြိမ်ရေး မြစ်ကြီးနားဈေးကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁ မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးများ ဖွံ့ဖြိုးတိုးတက်ရေး၊ သား/ ငါးဈေးနှုန်းနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃၁ ရက် ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။           ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ဈေးများဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာမှုရှိစေ ရေးနှင့် အများပြည်သူဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကုန်ဈေးနှုန်းမြှင့်တက်လာမှုအပေါ် တည်ငြိမ်စေရေး မိမိတို့အနေဖြင့် ဝိုင်းဝန်းသုံးသပ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် သားငါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းတိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေများကို ထုတ်ချေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဈေးများသန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင်တင်နိုင်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။          …

Read More

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

မြစ်ကြီးနား     သြဂုတ် ၁           မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာဝင် တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ သြဂုတ် ၁ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။           ထို့သို့ စည်ကားလျက်ရှိရာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်တွင် ကုသိုလ်ကောင်းမှုပြုသူ များ၊ လာရောက် လည်ပတ်လေ့လာသူများ၊ ဈေးဆိုင်ခန်းငယ်များဖြင့် အထူးစည်ကားလျက်ရှိသည့် အပြင် ရပ်တော်မူဘုရားနှင့် လျောင်းတော်မူဘုရားတို့တွင်လည်း ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိပြီး ဧရာဝတီမြစ်ဆိပ်တွင်လည်း ဇီဝိတဒါနအဖြစ် ငါးလွှတ်ကုသိုလ်ပြုသူတို့ဖြင့် စည်ကားလျက်ရှိသည်။           ထို့အပြင် မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင်ဘုရား၊ အံတော်ရှင်စေတီတော်စသည့် ဘုရား စေတီပုထိုးများအပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ကုသိုလ်ကောင်းမှုပြုသူ များပြားလျက်ရှိ ကြောင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲနှင့် ဆက်သွယ်ထား သောနယ်စပ်ကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်သည့် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၃၁           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်မြို့နှင့် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင်နှင့် ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေးလမ်း တစ်ခုဖြစ်သည့် မိုးမောက် – လွယ်ဂျယ်လမ်းပိုင်း (၄၇)မိုင် (၇)ဖာလုံအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် သည် အိမ်နီးချင်းဆွေမျိုးပေါက်ဖော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ပြည်နယ်အတွင်းမှ ဒေသထွက်ကုန်များကို တင်ပို့ရာတွင် လည်းကောင်း၊ ကုန်ပစ္စည်းများ တင်သွင်းရာတွင်လည်းကောင်း၊ ကံပိုင်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် ဖြတ်သန်းရ ခြင်းဖြစ်သည့်အတွက် အဆိုပါလမ်းများသည် ပြည်နယ်အတွက်အရေးကြီးသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုရဝုဏ်များအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ဖားကန်မြို့နယ် ဝှေခါကျေးရွာအနီး လုပ်ကွက်ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၂၉           ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့/ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရား/ စေတီ ပုရဝုဏ်များအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြ သည်။           ထို့သို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က မြစ်ကြီးနားမြို့ သီတာရပ်ကွက် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများနှင့် အတူ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြပြီး ဝန်ထမ်းများအားမုန့်နှင့်ရေသန့်ဘူးများ ဖြန့်ဝေ ကျွေးမွေးခဲ့ကြသည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေး၊ ပြည်နယ်အတွင်း ခရိုင်အလိုက် ဒေသထွက်ကုန်ကြမ်းများ အပေါ် One Region One Product အဖြစ် ရွေးချယ်သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     ဇူလိုင် ၂၈           ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ကျင်းပသည့်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက် ရောက်အမှာစကားပြောကြားသည်။           စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ လူငယ်များသည် နည်းပညာလမ်း ကြောင်းပေါ်က အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်ပြီး စူးစမ်းချင်စိတ်၊ စွန့်စားလိုစိတ်၊ တီထွင်ကြံ ဆချင်စိတ်များပြားသူများဖြစ်သဖြင့် ခေတ်နှင့်အတူ အမြင်ကျယ်သူများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များအား မှန်ကန်သည့် အတွေးအခေါ်၊စိတ်ဓာတ်နှင့်စွမ်းအားများကို မြှင့်တင်ပေးရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ အခြေခံစားသောက်ကုန်များနှင့် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား     ဇူလိုင် ၂၇           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်း တော်ဝင်းအတွင်းရှိ IDPs စခန်း၌ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ် ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ ခဲ့ကြသည်။           ထို့သို့ မူရပ်နေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွား ရောက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက မိသားစုများကို အားပေးစကားပြောကြား သည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း သီးနှံထုတ်ကုန်များအား ပြည်ပဈေးကွက်သို့ အချိန်မီ တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးမိတ်ဆုံစားပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇူလိုင် ၂၇           ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် တစ်သျှူးငှက်ပျော၊ ငရုတ်၊ ပြောင်း၊ပဲအမျိုးမျိုးတို့အား မြန်မာ-တရုတ်နယ်စပ် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  တစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိရာ အဆိုပါ သီးနှံများအား အချိန်မီတင်ပို့နိုင်ရေးအတွက် ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်း တာဝန်ရှိသူများနှင့် ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကံပိုင်တည်နယ်စပ်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ပြည်နယ်၏ စိုက်ပျိုးရေးထွက်ကုန်သီးနှံများကို အချိန်မီတင်ပို့နိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်သီးနှံဖြစ်သည့်အတွက် ပျက်စီး မှုမရှိစေရေးနှင့် အချိန်မီတင်ပို့နိုင်ရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းဖြစ် သဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး မိဘမဲ့ဂေဟာနှင့် ခရစ်ယာန်သာသနာပြုကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ လှူဒါန်း၊ ဗန်းမော်မြို့ မနောကွင်း တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ဗန်းမော်         ဇူလိုင် ၂၆           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်း သားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ  ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့နယ်အတွင်းရှိ မိဘမဲ့ဂေဟာနှင့် ခရစ်ယာန်သာသနာပြု ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များကို လှူဒါန်းပြီး ဗန်းမော်မြို့ မနောကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နံနက် ၈ နာရီတွင် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ ရောဘတ်နှစ်ခြင်းအသင်းတော်ပိုင် မိဘမဲ့ ဂေဟာသို့ သွားရောက်ပြီး အသင်းတော်တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီး နှီးတွေ့ဆုံအားပေးကာ ကျောင်းသား/ကျောင်းသူများအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြ စိုက်ကွက်အတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၂၆           ကချင်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အတွင်းရှိ အမျိုးသမီး များဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည့် အလုပ်ရုံ ဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။           အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးများသည် အိမ်၏ ပဲ့ကိုင်ရှင်များ ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အင်အားစုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ များက နည်းပညာနှင့် နည်းစနစ်များကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ရာ အမျိုးသမီးလုပ်ငန်းရှင် များအနေဖြင့် ဒေသတွင်းလိုအပ်သည့် စိန်ခေါ်မှုများ၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း၊…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ပညာရေးကျောင်းများနှင့် ပရဟိတကျောင်းများထံ (၁၅၆)သိန်းကျော်တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ လှူဒါန်း

ဗန်းမော်         ဇူလိုင် ၂၅           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင် ပညာရေးကျောင်းများနှင့် ပရဟိတကျောင်းများအတွက် ငွေကျပ်(၁၅၆)သိန်းကျော်တန်ဖိုးရှိ ကျောင်း သုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲ က ဗန်းမော်မြို့ နောင်ခိုရပ်ကွက်ရှိ တံခွန်တိုင်သီလရှင် စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။           လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်/ သံဃာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော် များကို နာယူခဲ့ကြသည်။           ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးသီရိသုဓမ္မသိင်္ဂီဒေါ်သွဲ့လေးအောင်၊…

Read More