ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း သားငါးဈေးနှုန်းတည်ငြိမ်ရေး မြစ်ကြီးနားဈေးကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း သားငါးဈေးနှုန်းတည်ငြိမ်ရေး မြစ်ကြီးနားဈေးကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁

မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးများ ဖွံ့ဖြိုးတိုးတက်ရေး၊ သား/ ငါးဈေးနှုန်းနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃၁ ရက် ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ဈေးများဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာမှုရှိစေ ရေးနှင့် အများပြည်သူဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကုန်ဈေးနှုန်းမြှင့်တက်လာမှုအပေါ် တည်ငြိမ်စေရေး မိမိတို့အနေဖြင့် ဝိုင်းဝန်းသုံးသပ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် သားငါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းတိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေများကို ထုတ်ချေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဈေးများသန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင်တင်နိုင်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။           ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေး ဦးကျော်လင်း၊ မြို့နယ်အမှု ဆောင်အရာရှိ ဦးလှမိုးတို့က မြို့မဈေး(၁)(၂)နှင့် ရေစင်ဈေးတို့တွင် ကုန်စိမ်း၊ သားငါးနှင့် အိမ်အသုံး ဆောင်ပစ္စည်းများ ရောင်းချနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများ၊ မြစ်ကြီးနားရေစင်ဈေးအပါ အဝင် ပြည်နယ်အတွင်း ဈေးများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး စီမံချက်ရေးဆွဲထားရှိမှု အခြေ အနေများနှင့် ဈေးကော်မတီအဖွဲ့ဝင်များ ဆန်၊ စားသုံးဆီနှင့် သားငါးဈေးနှုန်း မြှင့်တင်လာမှုအခြေအ နေနှင့်စပ်လျဉ်း၍ သား/ငါးတင်သွင်းမှုအပေါ် သုံးသပ်ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။