admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈           ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာ ကျောင်းသားအားကစား ပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့် လှစ်ပေးသည်။           ရှေးဦးစွာ ကျောင်းသားအားကစားပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကျောင်းသားအားကစားပွဲတော်ကြီးကျင်းပပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ၏ အားကစား ဖွံ့ဖြိုးမှု အခွင့်အလမ်းများရရှိခြင်း၊ ကျောင်းအဆင့် လက်ရွေးစင်မှသည် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့လက် ရွေးစင်အားကစားသမားများအဖြစ် ရွေးချယ်ခံရပြီး မိမိတို့၏ ကျွမ်းကျင်မှု၊ အရည်အသွေးများကို…

Read More

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားအဆင့်အတန်း မြင့်မားလာစေရေး ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလား Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံ လေလုံအားကစားခန်းမ၌ ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ Fitness Dance ပြိုင်ပွဲကို ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက၊ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်းကပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏အားကစား အဆင့်အတန်းမြင့်မားရေးအတွက် ဆပ်ကော်မတီအနေဖြင့် အားကစားသင်တန်းများကို စဉ်ဆက် မပြတ်ကျင်းပပြုလုပ်ခဲ့သဖြင့် ထူးချွန်ကစားသမားများကို ပေါ်ထွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း အမျိုးသမီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။           ထို့နောက် အခြေခံပညာကျောင်းသူလေးများ၏ အဖွဲ့လိုက် Fitness Dance…

Read More

မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားများကို ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများကို ဖော်ထုတ်ထိန်းသိမ်းပြီး ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနားနှင့်ဇန်နဝါရီ(၁၀)ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ် နေ့အခမ်းအနားများကို ကြီးကျယ်ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများနှင့်အညီ လက်ဆင့်ကမ်း  ဖော်ထုတ်ထိန်းသိမ်းပြီး ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းမှာကြားသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကို ဘိုးဘွားများ၏ ကြိုးပမ်းမှုအပေါ် ပုံရိပ်ကောင်းမွန်စွာ၊ ဂုဏ်သိက္ခာရှိစွာ ကျင်းပပြုလုပ်သွားရမည် ဖြစ်သလို စိန်ရတုကချင်ပြည်နယ်အနေ့အခမ်းအနားသည်လည်း နိုင်ငံ၏လွတ်လပ်ရေးနေ့နှင့်အတူ ပေါ်ပေါက်လာခဲ့သည့်အတွက်ကြောင့် မိမိတို့ မျိုးဆက်များအပေါ် လွတ်လပ်ရေးနေ့နှင့် ပြည်နယ်နေ့ ၏အနှစ်သာရကို…

Read More

ခရစ္စမတ်ရုံးပိတ်ရက်တွင် နောင်တာလောရေလယ်ကျွန်းအပန်းဖြေကမ်းခြေငယ်စခန်းသို့ အပန်းဖြေလာရောက်လည်ပတ်သူများဖြင့် စည်ကား

မြစ်ကြီးနား     ဒီဇင်ဘာ ၂၆           ခရစ္စမတ်ပွဲတော် ရုံးပိတ်ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာစက်လှေဆိပ်နှင့် ကချင်စုစက်လှေဆိပ်တို့မှ တစ်ဆင့် နောင်တာလောရေလယ်ကျွန်း အပန်းဖြေကမ်းခြေငယ်စခန်းသို့ ဒီဇင်ဘာ ၂၅ ရက်က လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။           အဆိုပါ စက်လှေဆိပ်များမှ တစ်ဆင့် နောင်တာလောရေလယ်ကျွန်းကမ်းခြေငယ် အပန်းဖြေ စခန်းသို့ မိသားစုလိုက်၊ သူငယ်ချင်းအုပ်စုများဖြင့် အပန်းဖြေစခန်းရှိ အလှဓာတ်ပုံရိုက်ရန်နေရာများ တွင် ဓာတ်ပုံရိုက်ခြင်း၊ အပျော်စီး (၄)ဘီးဆိုင်ကယ်စီးနှင်းသူများ၊ သဲသောင်ပြင်ဘောလီဘောနှင့် ဘောလုံးကန်သူများ၊ ဧရာဝတီမြစ်အတွင်း အမြန်စီးရေယာဉ်စီးနှင်းသူများ၊ ကမ်းခြေအပန်းဖြေ တဲများနှင့် ရိုးရာစားသောက်ဆိုင်များတွင် လူအများဖြင့် စည်ကားလျက်ရှိသည်။           နောင်တာလော ကမ်းခြေငယ်အပန်းဖြေစခန်း စီမံအုပ်ချုပ်ရေးဆပ်ကော်မတီ တာဝန်ရှိသူ တစ်ဦးက ယနေ့သည် ခရစ္စမတ်နေ့ဖြစ်သကဲ့ ရုံးပိတ်ဖြစ်လည်းသည့်အတွက် လာရောက်အပန်းဖြေ သူများမှာ ယခင်ရုံး ပိတ်ရက်ထက်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၆           ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်တော်မွေးနေ့ အချိန်အခါဖြစ်သည့် ဒီဇင်ဘာလတွင် ကချင် ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘုရားကျောင်းများ၌ ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ရာ  ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ခရစ္စမတ်ပွဲတော် လာရောက်သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ခရစ္စမတ်လက် ဆောင်များ ဝေငှပေးအပ်ခဲ့ကြပြီး၊ သံစုံတီးဝိုင်း၊ အကအဖွဲ့တို့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကာ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခရစ္စမတ်၏ အနှစ်သာရ အနေဖြင့် လူသားတိုင်းအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မျှဝေပြသပေးရန် ယေရှုခရစ်တော် ကိုယ်တိုင် လူ့ဇာတိကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ခရစ္စမတ်ပွဲတော်ဝတ်ပြုဆုတောင်းပွဲ သို့ တက်ရောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် မြင့်မားလာစေရေးနှင့် နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၅           ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန၏ ခရစ်စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်ပြီးနောက် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်လုပ်ငန်းများနှင့် ဆီထွက်သီးနှံနေကြာ တိုးမြှင့်စိုက်ပျိုးနိုင်ရေး အတွက် မျိုးစေ့ထုတ် နေကြာစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေတို့ကို  ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် ဝတ် ပြုဆုတောင်းပွဲ အစီအစဉ်ကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။           ဝတ်ပြုဆုတောင်းပွဲတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ခရစ်ယာန် ဘာသာဝင်များ၏…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှု အဖြစ် စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အား/ကာ တိုက်တန်း လမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်း အတွင်းသို့ ဝင်ရောက်ကာ…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဆောင်းရာသီအားကစားပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၃           ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက် ရောက်နေကြသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား/ ကျောင်းသူများအတွက် ဆောင်းရာသီ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြလုပ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ဖွင့်လှစ်ပေးသည်။           အဆိုပါ နည်းပညာတက္ကသိုလ် ဆောင်းရာသီအားကစားပြိုင်ပွဲအဖြစ် အမျိုးသားဘောလုံး ပြိုင်ပွဲ၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ကျင်းပပြုလုပ် နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးက ဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာရည်ပြည့်ဝသော ကျောင်းသား/ ကျောင်းသူများအပြင် အားကစားကဏ္ဍတွင်လည်း ထူးချွန်သောအားကစားသမားများ ဖြစ်လာစေရေး၊ မိမိတို့၏ မူလ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာကောင်းများ ဖြစ်လာစေရေးအတွက် ဘက်စုံထူးချွန်…

Read More

မြစ်ကြီးနားမြို့တွင် ‌ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း အပျော်စီးရေပေါ်စက်ဘီးစီးနိုင်ပြီဖြစ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၀           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆောင်းရာသီအပန်းဖြေ ဧရာဝတီမြစ်အတွင်း၌ အပျော်စီးရေပေါ်စက်ဘီး စီးခြင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့မှစ၍ စည်ပင်သာယာဆိပ်အနီး ဧရာဝတီ မြစ်ကမ်းမှ စတင်၍ ရေလယ်ကျွန်းထိ တစ်ပျော်တစ်ပါး စီးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။           အဆိုပါ ရေပေါ်စက်ဘီးကို ၂၀၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံအများအပြားစိတ်ဝင် စားကာ အပျော်စီးရေပေါ်စက်ဘီး လာရောက်စီးသူများပြားခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ကာ ယခုနှစ်မှ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်းနှင့် ရေပေါ်စက်ဘီးကို ပွင့်လင်းရာသီဖြစ်သည့် ဒီဇင်ဘာလအတွင်းသာ စီးနှင်းနိုင်မည်ဖြစ်ပြီး မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိသာ ငှားရမ်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း  Dolphin Hydro Bike (floating…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အိမ်ထောင်စုလူဦးရေစာရင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းအတွက် ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၀           ကချင်ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်/ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ အိမ်ထောင်စုလူဦး ရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းအတွက် ပြည်နယ်မြေပြင်ကွင်းဆင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ၏ စာရင်းကောက်ယူရေးဆိုင်ရာ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည် နယ်ဦးစီးမှူးရုံး၊ ပန်းခင်းခန်းမ၌ ကျင်းပပြုလုပ်သည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် လွတ်လပ်ပြီး တရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းနိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးသည်အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ယနေ့ ဖွင့်လှစ်မည့် မြေပြင်တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းအတွက်…

Read More