ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံလော်ဝေါ် သာသနာဝင်းအတွင်းယာယီခိုလှုံနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံထောက်ပံ့
မြစ်ကြီးနား အောက်တိုဘာ ၂၅ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)အတွင်းရှိ အင်ဂျန်ဒုံလော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီတိမ်းရှောင်အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက မိမိတို့ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီတိမ်းရှောင်များအား အမိုးအကာတို့ဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးနှင့် နေ့စဉ်စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကိုတတ်အားသ၍ ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း အားပေးစကားပြောကြားပြီး ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု (၃၂)စုအတွက် အခြေခံစာသောက်ကုန်များဖြစ်သော ဆန် (၃၂)အိတ်၊ ဆီ (၃၂) ပိဿာနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ယာယီတိမ်းရှောင်စခန်းမှ တာဝန်ခံ ဦးဟောင်းဂျုံးက စခန်းအတွက် လိုအပ်သည်များအား တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး…