admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၈           ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကချင်ပြည်နယ်အတွင်းမှ တပ်ဖွဲ့/ ဦးစီးဌာနများ၏ ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲကို ဇူလိုင် ၈ ရက်က နံနက်ပိုင်းမှ စတင်၍ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ ဝတ်အသင်းများက အလှည့်ကျယှဉ်ပြိုင်ခဲ့ကြရာ ညနေပိုင်းတွင် ဆုရအသင်းများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၊ တိုက်အုပ် ဆရာတော်ဘဒ္ဒန္တသီလာနန္ဒ၊ ကျောင်းထိုင်သင်တန်းကျောင်း လက်ထောက်နာယကဆရာတော်ဘဒ္ဒန္တ ပညာသာရအမှူးထား၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ ၂၀၂၃ ခုနှစ် ကလပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု လူရွေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်အားပေး

မြစ်ကြီးနား     ဇူလိုင် ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စနစ် ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၈ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။           ထို့သို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ကျောင်းဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ယူရှင်း လင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်း၊ စာသင်ခုံအဟောင်းများ ကောက်ယူစွန့်ပစ်ခြင်းများကို အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၇           ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလင်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ဇူလိုင် ရ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           စီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုစီမံကိန်းသည် ကျေးလက် နေမိသားစုများအတွက် အသေးစားကုန်ထုတ်လုပ်ငန်းဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး အတွက် သင်တန်းပေါင်း ၁၅၅ မျိုးကို တိုးချဲ့ဖွင့်လှစ်၍ အတတ်ပညာများ သင်ကြားပေးသွားမည်ဖြစ် ပါကြောင်း၊ ထို့အပြင် လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော အရင်းအနှီးပစ္စည်းများကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းထူထောင်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန် ပစ္စည်းများကိုလည်း…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဝိုင်းမော်         ဇူလိုင် ၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပလာစေ ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား- ဝိုင်းမော်သွားလမ်း နမ့်မြစ်ခတံတားအနီးမှ စတင်၍ ဝိုင်းမော်မြို့ အဝင် ဆိုင်းဘုတ်အထိ လမ်းဘေးဝဲ/ယာတို့တွင် စိန်ပန်းနီပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ဝိုင်းမော်မြို့ အမှတ် (၁)ရပ်ကွက်အတွင်းရှိ ဧရာမော်ပန်းခြံအား အများပြည်သူ…

Read More

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်း စီမံကိန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၆ ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည် ပေးထားသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ (၆)လအတိုးရငွေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မား လာစေရေး ကဏ္ဍအလိုက်လုပ်ငန်းများ တိုးချဲ့၍ ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးအတွက် ငွေကျပ် ၈ ဘီလီယံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီး မတည်‌ပေးခဲ့ရာ မတ်လအတွင်း မတည်ငွေအားလုံးကို တောင်သူများလက်ဝယ်အရောက်…

Read More

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ကျင်းပပြုလုပ်၊ ဆုရအသင်းများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

မြစ်ကြီးနား ဇူလိုင် ၆           ပြည်ထဲရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ သည့် ပြည်နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲနှင့် ဆုရ အသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၅ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်အဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို နံနက် ၈ နာရီခွဲက စတင်ကျင်းပရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ မြစ်ကြီးနား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ မိုးညှင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း တို့၏ ရွတ်ဖတ်ပူဇော်ယှဉ်ပြိုင်ခြင်းနှင့် ဗန်းမော်ခရိုင်အသင်း၊ ချီဖွေခရိုင်အသင်းနှင့် တနိုင်းခရိုင်အသင်း တို့၏ Video Conferencing စနစ်ဖြင့် သတ်မှတ်ချိန်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဝန်းသို ကျောင်းတိုက်မှ ဆရာတော်ဥူးစန္ဒာသီရိ၊ ခေမာသီဝံကျောင်းတိုက်မှ ဆရာတော် ဥူးဉာဏောဘာသ တို့ ဦးဆောင်သည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ မဒိန်းကျေးရွာအတွင်း စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက ၁၀၀ ဖော်ထုတ်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၅           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ RC ဘုရားကျောင်းနှင့် မိုင်းနား AG ဘုရားကျောင်း သို့ ခေတ္တတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်ရှိ RC ဘုရားကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့ခဲ့ကြသည်။           ထို့သို့ တိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ် က နန်ဆန်ယန်ဒေသမှ RC ဘုရားကျောင်းသို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု (၆၉)စု၊ လူဦးရေ (၂၅၈)ဦး၊ မိုင်းနားကျေးရွာအုပ်စု AG Camp သို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု (၁၃)စု၊…

Read More

ကချင်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူး၍ မြစ်ကြီးနားမြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ၊ ပြည်နယ်အတွင်းရှိ နယ်ပယ်အသီးသီးမှ အမျိုးသမီးထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၄           ကချင်ပြည်နယ်အမျိုးသမီးကော်မတီက ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်အတွင်းမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၄ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင် တိုင်းရင်းသူလေးများက အဖွင့်သီချင်းသီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခေတ်အဆက် ဆက်ထူးချွန်ထက်မြက်သည့်အမျိုးသမီးများသည် နိုင်ငံနှင့်လူမျိုးအတွက်ကြိုးပမ်းကြသည့်နေရာတွင် လွပ်လပ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်ပါဝင်၍ တာဝန်ထမ်းဆောင် နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများသည် အိမ်၏ ပဲ့ကိုင်ရှင်များဖြစ်သကဲ့သို့ နိုင်ငံတော်၏ အင်အားစုတစ်ရပ်လည်း…

Read More

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသများမှ ပြည်သူများအတွက် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ဘောလုံးအသင်းနှင့် နိုင်ငံကျော် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ ပါဝင်သော ဘောလုံးအသင်းတို့၏ ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇူလိုင် ၃           မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသများမှ ပြည်သူများအတွက် ပြန်လည်ထူ ထောင်‌ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော ဘောလုံးအသင်းနှင့် နိုင်ငံကျော် ရုပ်ရှင်၊ဂီတအနုပညာရှင်များပါဝင်သော ဘောလုံးအသင်း တို့၏ ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂ ရက် ညနေပိုင်းက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ယုန်လေး၊ အစ္စဏီ၊ ဂျေးနီ၊ ကျော်ကျော်၊ မိုးယံဇွန်၊ ဒီဖြိုး၊ ဆိုတေးတို့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေဘောလုံးပြိုင်ပွဲအတွက် လာရောက်သည့် ရုပ်ရှင်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၂           ကချင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်သူများ၏7 th Tournament of Hold in One Group မှ ကြီးမှူးကျင်းပသည့် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားကို နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့ Northen Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြစ်ကြီးနားဂေါက်ကလပ်နာယကတို့က မီးခိုးဘောလုံးအား ရိုက်၍ ဖွင့်လှစ်ပေးကြပြီး 7 th Tournament of…

Read More