admin

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ စီတာပူနှင့် တပ်ကုန်းရပ်ကွက်တွင်း လမ်းများ အဆင့်မြှင့်တင်‌ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ပြည်နယ်ရန်ပုံငွေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ရပ်ကွက်တွင်းလမ်းများကို ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။           ရှေးဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာရပ်ကွက်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒူဝါဇော်ရစ် လမ်းအရှည် ၂၅၃၀ ပေ၊ အကျယ် ၂၄ ပေရှိ အဆင့်မြှင့်နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုမှတစ်ဆင့် တပ်ကုန်းရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်အရ ဖြည့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ စီတာပူနှင့် တပ်ကုန်းရပ်ကွက်တွင်း လမ်းများ အဆင့်မြှင့်တင်‌ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ပြည်နယ်ရန်ပုံငွေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ရပ်ကွက်တွင်းလမ်းများကို ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။           ရှေးဦးစွာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာရပ်ကွက်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒူဝါဇော်ရစ် လမ်းအရှည် ၂၅၃၀ ပေ၊ အကျယ် ၂၄ ပေရှိ အဆင့်မြှင့်နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုမှတစ်ဆင့် တပ်ကုန်းရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်အရ ဖြည့်…

Read More

ကချင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများဖြစ်စေရေး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၂           ကချင်ပြည်နယ်၏ရေမြေတောတောင်သဘာဝအလှအပရှုခင်းများ၊ သဘာဝသယံဇာတအရင်း အမြစ်များစွာ ကြွယ်ဝမှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက် စေမည့် သဘာဝအခြေခံသည့် ခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်းစက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။           ဆက်လက်၍ ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ခရီးစဉ် ဒေသသစ်များဖော်ဆောင်ရာတွင် လည်းကောင်း၊ ရှိပြီးသား ခရီးစဉ်များကို ဖော်ထုတ်ဆောင်ရွက် ရာတွင်လည်းကောင်း ခရီးစဉ်ဒေသများ၏ အားသာချက်၊ အားနည်းချက်များနှင့် လေ့လာဆန်းစစ် ချက်အစီအမံများကို ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     စက်တင်ဘာ ၂၁           ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟို အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအစဉ် များနှင့် စပ်လျဉ်း၍ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အဆင့်ပြိုင်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲမှ အောင်မြင်မှုရရှိသူများအား ဗဟိုအဆင့်သို့ စေလွှတ်ယှဉ်ပြိုင်နိုင်ရေး လာမည့် ၂၇ ရက်နေ့တွင် စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့် ပြိုင်ပွဲမှ အဆိုရှင် ၁၇ ဦး၊ အက…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားကဏ္ဍ မြှင့်တင်နိုင်ရေး အားကစားနည်းအလိုက် အားနည်းချက်/ အားသာချက်များအပေါ် တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၀           ကချင်ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြှင့်မားစေရေးအတွက် အောင်မြင်ခဲ့သည့် အားကစားနည်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် အောင်မြင်မှုမရရှိသေးသည့် အားကစားနည်း များ၏ အားသာချက်/ အားနည်းချက်များကို သုံးသပ်ဆွေးနွေး၍ အောင်မြင်မှုရရှိရေးအတွက် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ နှင့်ပြည်နယ်အတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်းများ၊ အားကစားဆပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်ကာလတွင် အားကစားသည် ယဉ်ကျေးမှု၊ စီးပွားရေးစသည့် ပုံရိပ်များကို ဖော်ဆောင်နေသည့် ကဏ္ဍဖြစ်လာသည့်တွက် ပြည်နယ်၏ ဂုဏ်၊ ပြည်နယ်၏ ပုံရိပ်ကို ဖော်ဆောင်ရာတွင်အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နောင်တာလောရေလည်ကျွန်းသဲသောင်ပြင်ပေါ်တွင် ကမ်းခြေငယ်အပန်းဖြေစခန်းဆောင်ရွက်နိုင်ရေးနှင့် မြစ်ဆုံအပန်းဖြေစခန်းအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၉           ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အတွက် ကဏ္ဏပေါင်းစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဒေသတွင်း ခရီးသွား     လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးစဉ်ဒေသများ၊ အပန်းဖြေနေရာများကို တိုးချဲ့အကောင်အ ထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ အပန်းဖြေစခန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်တွန်းပြောကြားသည်။           ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအို၊ ခေါင်လန်ဖူး၊ ပန်ဝါကဲ့သို့ ရေခဲတောင်များရှိရာ ဒေသများသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ခရီးသွားအစီအစဉ် အသစ်များ ဖော်ဆောင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ကာ အလှူရှင်များကပေးအပ်လှူဒါန်းသည့် ကနူးကယက်လှေများအားလက်ခံရယူ

မြစ်ကြီးနား     စက်တင်ဘာ ၁၉           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ရှမ်းပြည်နယ် ‌တောင်ကြီးမြို့အတွင်း စက်တင်ဘာ ၂၃ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဘိလိယက်နှင့်စနူကာ အသင်းအား ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီအချိန်က ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင် ဘိလိယက်နှင့်စနူကာ အသင်းနည်းပြက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက် မြှင့်မားလာရေးအတွက် အစဉ်တစ်စိုက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချူပ် ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်၊ လေဆိပ်သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၁၉           ကချင်ပြည်နယ်ဖူဆယ်အားကစား နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မြစ်ကြီးနားခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကချင်ပြည်နယ်လက်ရွေးစင် Old Star အဖွဲ့နှင့် ပြည်နယ်ဖူဆယ်ဆပ်ကော်မတီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးများအား ဖိတ် ခေါ်ပြီး ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ကချင်ပြည်နယ်ဖူဆယ်ကော်မတီနာယက ဦးလအောင်က ဖိတ်ခေါ်ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးနှင့် ပူးပေါင်း၍ ဖူဆယ်ဒိုင်သင်တန်း ဖွင့်လှစ်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲကျင်းပရေးကော်မတီအတွက် ငွေကျပ် ၁၀ သိန်းကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ခိုင်‌တောင်ကျွန်းတောင်သူများအား သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းဖွဲ့စည်း၍ ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်ညှိနှိုင်းဆွေးနွေး

  မြစ်ကြီးနား     စက်တင်ဘာ ၁၇           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စုအတွင်းရှိ ခိုင်တောင်ကျွန်းအတွင်း သီးနှံစိုက်ပျိုးသူ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စံပြစိုက်ကွင်း တစ်ခုအဖြစ် ရင်းနှီးမတည်၍ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကွင်းမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က ခိုင်တောင်ကျွန်းတွင် ကွင်း  ၆ ကွင်းဖြင့် စိုက်ပျိုးဧက ၃၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက်ဆက် စိုက်ပျိုးရေးတောင်သူများက အစေ့ထုတ်ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံနှင့် အခြား သီးနှံများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ ယခုအခါ…

Read More

မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်းတပ်ဖွဲ့များက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၇           ကချင်ပြည်နယ်အတွင်းရှိ မြို့ရွာများ သန့်ရှင်းသာယာလှပမှုရှိစေရေး အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မိသားစုများ စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီက အခြေခံပညာကျောင်း များ၌ သန့်ရှင်း‌ရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။           ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က မြစ်ကြီးနားမြို့ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် လက်အောက်ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုများက အမှိုက်များကောက်ယူစွန့်ပစ်ခြင်း၊ ရေမြောင်းများ ဆယ်ယူရှင်းလင်းပေးခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။           အလားတူ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့သည် အမှတ်…

Read More