
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော နိုင်ငံတစ်ဝှမ်းလုံးရှိ လာချိဒ်တိုင်းရင်းသားကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်
မြစ်ကြီးနား စက်တင်ဘာ ၁၀ ကချင်ပြည်နယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ မှ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲများတွင် မြန်မာတစ်နိုင်ငံလုံးရှိ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော လာချိဒ်တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ကျေးရွာရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဓမ္မဆရာများကဆုတောင်းဆက်ကပ်ပေးကြပြီး လာချိဒ်စာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ အနေဖြင့် ယခုလို လာချိဒ်တိုင်းရင်းသားမျိုးနွယ်စုလူငယ်များအတွက် ဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် တိုင်းရင်းသားမျိုးနွယ်စု၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်သကဲ့သို့လူငယ်များပညာရေးတွင် ပိုမိုကြိုးပမ်း အားထုတ်လာစေသည့်အပြင် တိုင်းပြည်အတွက်ပညာရည်ပြည့်ဝပြီးအားကိုးရသောနိုင်ငံ့သားကောင်း…