ကချင်ပြည်နယ်ဝန်ကြီးချုပ် ကံကော်မြိုင်ရွာကွင်းအတွင်း ကောက်ကွက်ပြည့်မီစွာဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား တက်ရောက်အားပေး၊မြစ်ကြီးနားမြို့နယ်အတွင်းမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ တတိယနှစ်စက်ဝန်းအတွက် စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇူလိုင် ၁၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၂ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကောက်ကွက်ပြည့်မီရေး တောင်သူအသိပညာပေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ကြက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ ပလန-၂ (ကံ့ကော်မြိုင်) ကျေးရွာကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ကွင်းအတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးသည့် စပါးခင်းများအထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် များပေါင်းစပ်စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ ကောက်စိုက်ရာတွင်လည်း ကောက်ကွက်ပြည့်မီရေးသည် အဓိကဖြစ်ပါကြောင်း၊…