admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုဆုများတက်ရောက်ချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၁၄           ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကို မြို့နယ်အသီးသီးမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ ၁၂၃ ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုး ဖြင့် (၃)ရက်ကြာကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက် မွန်းလွှဲ ၂ နာရီ က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည် နယ်၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ပွဲတွင်…

Read More

ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်း လုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား     စက်တင်ဘာ ၁၃           နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကဏ္ဍ အလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းတာဝန်များကို ချိတ်ဆက်ပူးပေါင်းကြိုးစားထမ်းဆောင်ကြရေး စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်/ခရိုင်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ရင်းနှီးမတည်ပေးခဲ့သည့် ငွေကျပ် ၈ ဘီလီယံအား…

Read More

ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်(၁၂၃)ဦး၊ ပြိုင်ပွဲအမျိုးအစား(၄၀)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်

မြစ်ကြီးနား     စက်တင်ဘာ ၁၂           ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၂၃)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုးဖြင့် (၃)ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော နိုင်ငံတစ်ဝှမ်းလုံးရှိ လာချိဒ်တိုင်းရင်းသားကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၁၀           ကချင်ပြည်နယ်လာချိဒ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ မှ ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲများတွင် မြန်မာတစ်နိုင်ငံလုံးရှိ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော လာချိဒ်တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ကျေးရွာရှိ လာချိဒ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။           ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဓမ္မဆရာများကဆုတောင်းဆက်ကပ်ပေးကြပြီး လာချိဒ်စာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က လာချိဒ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ အနေဖြင့် ယခုလို လာချိဒ်တိုင်းရင်းသားမျိုးနွယ်စုလူငယ်များအတွက် ဂုဏ်ပြုချီးမြှင့်ပေးခြင်းသည် တိုင်းရင်းသားမျိုးနွယ်စု၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်သကဲ့သို့လူငယ်များပညာရေးတွင် ပိုမိုကြိုးပမ်း အားထုတ်လာစေသည့်အပြင် တိုင်းပြည်အတွက်ပညာရည်ပြည့်ဝပြီးအားကိုးရသောနိုင်ငံ့သားကောင်း…

Read More

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာရည်ညွှန်ဆုချီးမြှင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား     စက်တင်ဘာ ၉           ကချင်ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအခြေခံသင်တန်း တက်ရောက်နေကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများပါဝင်သည့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမှတ်(၂)နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ယနေ့ခေတ်တွင် လူနေမှုစနစ် တိုးတက်ပြီးလူဦးရေတိုးပွားလာသည့်အတွက် ပြည်သူလူထုအနေဖြင့် ကြုံတွေ့ရနိုင်သည့် ငလျင်ဘေး အန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိအောင် ယခုလို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ် ပေးခြင်း၊ အသိပညာပေးခြင်းအားဖြင့်အင်အားပြင်းငလျင်များနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ မှန်ကန် မြန်ဆန်သည့် နေရာယူမှုများနှင့် ထိရောက်မြန်ဆန်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို စနစ် တကျ ဆောင်ရွက်နိုင်မှာဖြစ်ပြီး အသက်အန္တရာယ်နှင့် အခြားမလိုလားအပ်သည့် ထိခိုက်ဆုံးရှုံးများကို အားနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မှာဖြစ်တဲ့သည့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်ဓာတ်အားခွဲရုံလုပ်ငန်း‌ဆောင်ရွက်နေမှုနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     စက်တင်ဘာ ၈           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခွဲရုံလုပ်ငန်းဆောင်ရွက်နေမှုများ၊ မြို့တွင်း လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများနှင့် မြို့ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်နေမှု များကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့ အမှတ် (၃)ရပ်ကွက်အတွင်း ၂၀၂၁ -၂၀၂၂ ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် မြို့နယ်လျှပ်စစ်ဓာတ် အားခွဲရုံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဓာတ်အားခွဲရုံမှ တစ်ဆင့် မြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးနှင့် ၂၄ နာရီ လျှပ်စစ်မီးလင်းရေးအတွက် မလိဓာတ်အားလိုင်း အပြင် ချီဖွေငယ်ဓာတ်အားလိုင်းနှင့် မဟာဓာတ်အားလိုင်းတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်း…

Read More

(၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၃၀) ကျော်ဖြင့် လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ (၃)ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်သွားမည်

မြစ်ကြီးနား     စက်တင်ဘာ ၈           (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင် ပြည်နယ်အဆင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၃၀)ကျော်ဖြင့် လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ (၃)ရက် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင် ဘာ ၁၂ ရက်နေ့တွင် ပြိုင်ပွဲဝင် ၁၃၀ ဦးကျော်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ်များမှ…

Read More

မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

မြစ်ကြီးနား     စက်တင်ဘာ ၈           ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီက အမှတ်(၉) အခြေခံအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ပြီး စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။           အခမ်းအနားတွင် အမှတ်(၉)အခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “ဝ ထ က လ ဿ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၊ နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကားပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချူပ်ထံမှ…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၈           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွား ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် စားပွဲတင် တင်းနစ်အသင်းအား ပြည်နယ်အစိုးရအဖွဲ့ က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်စားပွဲတင် တင်းနစ်အသင်းနည်းပြက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက် မြှင့်မားလာရေးအတွက်…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး မိုးရာသီလူသစ်တန်း အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲနှင့် ကျောင်းအခြေပြုအဆင့်မြင့်စက်ချုပ်သင်တန်း (၃/၂၀၂၂)ဆင်းပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား     စက်တင်ဘာ ၇           ကချင်ပြည်နယ်အတွင်း ဘော်လီဘောအားကစား တိုးတက်မြှင့်မားရေးနှင့် မျိုးဆက်သစ် ကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘော်လီဘောဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် မိုးရာသီလူသစ်တန်း အသက်(၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယနေ့ ပြိုင်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် အားကစားသမားများကို ကြိုတင်ရွေးချယ်စုဖွဲ့လေ့ကျင့်ပြီး နောင်နှစ်များတွင် ကျင်းပပြုလုပ်မည့် ပြိုင်ပွဲများအတွက် ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် အားကစား သမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်ဘောလီဘောအသင်းရဲ့ ရရှိပြီးဖြစ်သည့် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အားကစာသမားများအပါအဝင် ဆပ်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြိုးပမ်းအားထုတ်သွားရေး တိုက်တွန်းပြောကြားသည်။           ထို့နောက်…

Read More