ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပပြုလုပ်
မြစ်ကြီးနား ဇွန် ၄ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၃ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့နယ် (၁၂)မြို့နယ်မှ ပြိုင်ပွဲ ဝင်အသင်း (၁၂)တို့အား အမှာစကားပြောကြားသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များကို သက်ဆိုင်ရာအားကစားကွင်းများဖြင့် ရင်းနှီး ကျွမ်းဝင်အောင် လေ့ကျင့်ကစားခွင့်ပြုရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍကိုအလေးထားမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ကချင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် တန်ဖိုးရှိသော လူငယ်လူရွယ်များ ပေါ်ထွက်လာမယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း၊ ထို့အပြင်အားကစားကဏ္ဍဖြင့် တိုင်းပြည်၏ ဂုဏ်ကိုဆောင်နိုင်သော ထူးချွန်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်…