မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၈ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit – CPU) အား အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ နည်းပညာသင်တန်းကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၀၉:၃၀ နာရီချိန်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌ ပို့ချခဲ့သည်။ ရေှးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းသည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အခွင့်အလမ်းများကို တားဆီးရန် ဌာန၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက်များရှိပါက ဖော်ထုတ် ပြုပြင်…