ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်၊ နမ္မတီးဒေသရှိ ယာယီတိမ်းရှောင်ပြည်သူများအား ဆန်ရိက္ခာ၊ ဆီနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
မြစ်ကြီးနား အောက်တိုဘာ ၁၀ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းများသို့ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နမ္မတီးမြို့သို့ သွားရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နမ္မတီးမြို့ မြို့လှရပ်ကွက်အတွင်းရှိ မြို့တော်ခန်းမ၌ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှတစ်ဆင့် နမ္မတီးမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းများ၌ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသော ထပ်တိုးအိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် အိမ်ထောင်စုများ နေထိုင်မှု အဆင်ပြေစေရေး အဆောက် အဦ၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေးစသည့် အခြေခံကျသည့် ကိစ္စရပ်များကို ပံ့ပိုးကူညီပေးခဲ့သည့်အပြင် စားသောက်မှုအဆင်ပြေစေရေးအတွက်ကိုလည်း ဆန်အိတ်များနှင့် အခြေခံစားသောက်ကုန် များကို…