ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၅           ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ဧပြီ ၅ ရက် ညနေ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ချီဖွေမြို့၊ ကန်ပိုင်ယန်ရပ်ကွက်သို့ နေရပ်စွန့်ခွာပြည်သူများ အမြန်ဆုံးပြန်လည်နေရာချထား ပေးနိုင်ရေး စီမံဆောင်ရွက်

မြစ်ကြီးနား     ဧပြီ ၅           ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့ပေါ်ရှိ နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်း အမှတ် (၁) နှင့် အမှတ်(၂)နေ အိမ်ထောင်စုများအား ၎င်းတို့၏ နေရပ်ကန်ပိုင်ယန်ရပ်ကွက်သို့ အမြန်ဆုံး ပြန်လည် နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် (၆)လတာကာလအတွင်း အိမ်ထောင်စု (၄၉)စု၊ လူဦးရေ (၅၀၀)ကျော်ကို ပြောင်းရွှေ့ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများနေ ပြည်သူများ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံ၊ ပြန်ကြားရေးလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၃           ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဧပြီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံအား ကြည့်ရှုစစ်ဆေးသည်။           ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ (မြစ်ကြီး နား)သို့ သွားရောက်ပြီး ကချင်ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့်ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တိုင်းရင်းသားဘာသာ)အစီအစဉ်အတွက် မြစ်ကြီးနားသတင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ စက်ရုံ တာဝန်ခံ ဦးအောင်ကျော်ဇင်၏ ရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီး က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဧပြီ ၂           ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ယနေ့ နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်နယ်မိုးလုံလေလုံခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်သည့်  ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးနှင့် ပူးပေါင်းဖွင့် လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများ ထောက်ပံ့

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သင်္ကြန်ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ရုံးဝတ်စုံများနှင့် သင်္ကြန်ဝတ်စုံများကို ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ဧပြီ ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ငန်းခွင်နှင့် မိသားစုအခက်အခဲများကို ကြံ့ခိုင်စွာ ကျော်ဖြတ်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် ဝန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူပါ ကြောင်း၊ ဒါ့ကြောင့် ယနေ့ထောက်ပံ့မှုသည် ပြည့်စုံခြင်းမရှိသော်လည်း ဝန်ထမ်းမိသားစုတစ်စုခြင်းစီ အတွက် အတိုင်းအတာတစ်ခုအထိ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်) မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု များကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက မတ် ၃၁ ရက် ညနေပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် မြို့တော်ခန်းမရှေ့လမ်းထောင့်၌ စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ရေကစား မဏ္ဍပ်တည်ဆောက်နေမှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးနှင့် တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုကို ပြည်နယ်ဝန်ကြီးက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကို ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ကော်မတီ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံ မှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြား သည်။ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများကို ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးနိုင်ရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးချက်များနှင့် ပတ်သက်၍ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပွင့်လင်းမြင်စွာ ချပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက်ကော်မတီအတွင်းရေးမှူး၊ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်းကြားမှူးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်ကော်မတီ၏၁/၂၀၂၂ [&Read More

Uncategorized ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး ICRC အဖွဲ့အား လက်ခံတွေ့ဆုံ

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ အပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအတွက် မတ် ၃၁ ရက် နံနက် ၁၀ နာရီ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဒုတိယဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် နယ်မြေလုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသော ဆွတ်ပီယန်ဒေသခံ ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     မတ် ၃၀           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာအုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ် စွန့်ခွာတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည် နေထိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရာ မတ် ၃၀ ရက် နံနက် ၇ နာရီခွဲတွင် စီတာပူရပ်ကွက်ရှိ မနောကွင်း အတွင်း စုရပ်ပြုလုပ်ပြီး နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။           မနောကွင်းအတွင်း စုရပ်ပြုလုပ်၍ နေရပ်စွန့်ခွာ တိမ်း‌ရှောင်လာသော ပြည်သူများအား နေရပ် ပြန်လည်နေထိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချနေထိုင်မည့် နေရပ်ပြန်(IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     မတ် ၂၈           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်နန်ဆန်ယန်ကျေးရွာသို့ ပြန်လည်အခြေချ နေထိုင်ကြမည့် နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ(IDPs) အိမ်ထောင်စု (၇၃)စုတို့အား အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့် အိမ်မိုးသွပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မတ် ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More