မြစ်ကြီးနားစာဖြေဌာနမှ စာအောင်သံဃာတော်များနှင့် စာချသံဃာတော်အရှင်မြတ်များအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ
မြစ်ကြီးနား စက်တင်ဘာ ၂၉ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ ပါဋိပထမပြန်စာမေးပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားစာဖြေဌာနမှ ထူးချွန်စွာ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များနှင့် စာချသံဃာတော်များအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ သာသနာ့ဝန်ဆောင် မြို့ဥူးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာစာအောင်သံဃာတော်များနှင့်စာချသံဃာတော်များအား ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များနှင့်အတူ အခမ်းအနားကို နမောတဿ (၃) ကြိမ် ဘုရားကန်တော့ပူဇော်ခဲ့ကြကာ နိုင်ငံတော်သံဃမဟာနာယအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သ.စ. အဓမ္မာစရိယ၊ အဂ္ဂမဟာအကျော် ဝိနယပါဋိပါရဂူ ခေမာသီဝံစာသင်တိုက် နာယက ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မေတ္တသုတ် ပရိတ်တရားနာယူခဲ့ကြသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်…