ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရေဘေးကယ်ဆယ်ရေးစခန်း (၃၀) ခုထိ ဖွင့်လှစ်၍ အိမ်ထောင်စုများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇွန် ၂ မြန်မာပြည်မြောက်ဖျားပိုင်း မေခနှင့် မလိခမြစ်အထက်ပိုင်းတွင် မိုးအဆက်မပြတ် သည်းထန် စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေသည် မေလ ၃၁ ရက်နေ့မှ စတင်မြင့်တက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် မြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ အထက် ၁၂၀၅ စင်တီမီတာထိ မြင့်တက်ခဲ့သ ဖြင့် မြစ်ကြီးနားမြို့၌ ရေဝင်ရပ်ကွက် ဧရိယာတိုးလာပြီး ရေဘေးကယ်ဆယ်ရေးအဖွဲ့စုရပ်အဖြစ် နေရာသစ် (၂) ထပ်တိုးပြီး (၈)နေရာအထိ ဖွင့်လှစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေး ကျောင်းများတွင် ရေဘေးကယ်ဆယ်ရေးစခန်း (၃၀)ခုထိ တိုးချဲ့ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး…