admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရ ပြည်နယ်လက်ရွေး စင်ဂျူဒိုအသင်းအား မြစ်ကြီးနားမြို့၌ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ဘော်လီဘောအားကစားနှင့် ကြက်တောင်ရိုက်အားကစားပြိုင်ပွဲများ ဖွင့်ပွဲနှင့် ဝန်ကြီးချုပ်ဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အသက် (၂၃)နှစ်အောာက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဇွန် ၂၄          ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၅)ခု ရရှိခဲ့သည့်အပြင် အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် ကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည် ဇွန် ၂၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ နှင့်ဒေသခံများက ပြည်နယ်ဂုဏ်ဆောင် ရွှေလက်ပိုင်ရှင်များအဖြစ် သောင်းသောင်းဖြဖြဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီအသီးသီး မှ တာဝန်ရှိသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းနှင့်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာ ကမ်းပါးတိုက်စားမှုအခြေအနေအား အမြန်ဆုံးကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ မဒိန်ဧက ၁၀၀ စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇွန် ၂၂          ကချင်ပြည်နယ်အတွင်း မေလနှင့် ဇွန်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ကြီးမြင့်ခဲ့မှုကြောင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာတို့ရှိ မြစ်ကမ်းပါး အနည်းငယ်ထပ်မံရေတိုက်စားသွားခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ (၃)နာရီက တာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာတို့တွင် ၂၀၂၄ ခုနှစ်၊ မြစ်ရေကြီးမြှင့်မှုကြောင့် ကမ်းပါးရေတိုက်စားခဲ့ပြီး လူနေအိမ် (၄)လုံးနှင့် စေတီတစ်ဆူ ပြိုကျပျက်ဆီးခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကမ်းပါးရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် အောက်ခြေဖောင်ဒေးရှင်း ကမ်းပါးထိန်းကျောက်စီမြေထိန်းနံရံအရှည် ၃၀၀၀…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရသူများအား ဆုများပေးအပ် ချီးမြှင့်၊ ၂၀၂၅ ခုနှစ်၊ ဆဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားတက်ရောက်

မြစ်ကြီးနား   ဇွန် ၂၁          ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၁ ရက်နေ့တွင် စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များစစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက် ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္ဇမနေ့အဖြစ် ရူပဗေဒနှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုအား လိုက်လံ ကြည့်ရှုအားပေး၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်

မြစ်ကြီးနား   ဇွန် ၂၀          ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှစတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၀ ရက်နေ့တွင် စာမေးပွဲပဉ္ဇမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိစာစစ်ဌာနများ ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ (၅) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများအား မှတ်တမ်းများပြုစုထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်း စိစစ်ရွေးချယ်မှုအား ကြည့်ရှုအားပေးချီးမြှင့်

မြစ်ကြီးနား   ဇွန် ၁၉          ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂) ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ အေးချမ်းစွာဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ကချင်ပြည်နယ်ပြေးခုန်ပစ်အသင်း၏ စံချိန်ယူလေ့ကျင့်ဆန်းစစ်မှုပြိုင်ပွဲအား ကြည့်ရှုအားပေးချီးမြှင့်

မြစ်ကြီးနား   ဇွန် ၁၈          ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲ တတိယနေ့အဖြစ်သင်္ချာဘာသာရပ်စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက် ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊  မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနရှိ…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အေးချမ်းစွာဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ လာချိဒ်နှစ်ခြင်းအသင်းတော်ဝင်းအတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့၊ ပလနကျေးရွာအုပ်စုအတွင်း အသားစားကြက် မွေးမြူရေးခြံများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇွန် ၁၇          ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်ဖြေဆိုခဲ့ကြပြီး ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် စာမေးပွဲ ဒုတိယနေ့ကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊  မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနရှိ စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာလာရောက်နိုင်ရေး၊ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ အေးချမ်းစွာဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ နောင်ပုံကျေးရွာအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခြင်းနှင့် Happy Father’s Day Fellowship Cup ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်၊ အောင်ပွဲရ ပြည်နယ်လက်ရွေးစင်အမျိုးသမီး ဘော်လီဘောအသင်းအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဇွန် ၁၆          ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ယနေ့ နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနရှိ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြပြီး ကျောင်းစာဖြေခန်းများအတွင်း စာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် မူးယစ်ကင်းစင်သင်တန်းကျောင်းများစုပေါင်းမိတ်သဟာယအဖွဲ့ တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲနှင့် တိုင်းဒေသကြီး/ပြည်နယ်ဘောလီဘောပြိုင်ပွဲတွင် တတိယဆုနှင့် (၄)နှစ်ဆက်တိုက်ရိုက်ချက်အကောင်းဆုံးဆုရရှိခဲ့သော အောင်ပွဲရ ပြည်နယ်ဘောလီဘောအသင်းအား လေဆိပ်၌ ကြိုဆိုဂုဏ်ပြု

မြစ်ကြီးနား   ဇွန် ၁၅          ပဉ္စမအကြိမ်အဖြစ် ကချင်ပြည်နယ်မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၁၄ ရက် ညနေ (၃)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။           ရှေးဦးစွာဘောလုံးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့မူးယစ်ကင်းစင်ကျောင်းများ မိတ်သဟာယ အနေဖြင့် ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူ သင်တန်းကျောင်းများ အချင်းချင်း စည်းလုံးညီညွတ်မှုရရှိစေပြီး နိုင်ငံအတွက်၊ ပြည်နယ်အတွက်၊ မိမိပတ်ဝန်းကျင်လူမှုအသိုင်း အဝိုင်းအတွက် တန်ဖိုးရှိသော လူငယ်လူရွယ်များအဖြစ် ပြန်လည်ရပ်တည်နိုင်စေရန်၊ မူးယစ်ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီး ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာစေရေန်၊ အားကစားပြု လုပ်ခြင်းဖြင့် မူးယစ်ဆေးဝါးကို တွန်းလှန်တိုက်ဖျက်လာနိုင်စေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လူသားတိုင်းအတွက် အရေးကြီးလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးအတွက်…

Read Full News

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ စတုတ္ထအကြိမ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍  မြစ်ကြီးနားမြို့ဝင် ရွှေဘို-မြစ်ကြီးနားလမ်းမကြီး ဘေးဝဲ/ယာတွင် ပျိုးပင်ပေါင်း ၅၀၀ ကျော်အား စုပေါင်း စိုက်ပျိုးပေး၊ အကြိမ်(၃၀)နှင့်အထက် စေတနာ့သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား          ဇွန် ၁၄           ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးတို့ကိုရည်ရွယ်၍ ကချင်ပြည်နယ်လမ်းဦးစီးဌာနကကြီးမှူး၍ ‌မြစ်ကြီးနားမြို့အဝင် ရွှေဘို-မြစ်ကြီးနားလမ်း ကီလိုမီတာ (472.50 မှ 473.00) ၂၀၂၅ ခုနှစ် စတုတ္ထအကြိမ် ပြည်နယ်အဆင့်မိုးရာသီသစ်သင်စိုက်ပျိုးပွဲတော်ကို ဇွန် ၁၆ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပြီး လမ်းဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့်အတူ လမ်းဘေးဝဲ/ယာရှိ သတ်မှတ်နေရာအသီးသီး၌ အမြင့် (၂)ပေနှင့်အထက် (၂)နှစ်သားအရွယ် ပျဉ်းကတိုးပင်၊ သစ်အယ် စသည့်…

Read Full News