ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာနှင့် စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းပြီးစီးမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မန္တလေးငလျင်ဘေးသို့ သွား ရောက်ကူညီခဲ့ကြသော ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ စေတနာ့လုပ်အားရှင်များအား အခမ်းအနားဖြင့် ဂုဏ်ပြု၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးသို့ တက်ရောက်
မြစ်ကြီးနား ဇွန် ၁၃ ကချင်ပြည်နယ်အတွင်း စားရေရိက္ခာနှင့်စားသုံးဆီဖူလုံမှုရှိစေရေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဇွန် ၁၃ ရက် နံနက် ၉ နာရီခွဲကလည်း အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်အလိုက် မိုးစပါးစိုက်ဧကနှင့် ဆီထွက်သီးနှံသီးထပ်စိုက်ဧကများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် အခြေခံကျသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းများ အောင်မြင်စေရေး အချိန်နှင့်အမျှ ကြိုးစားဆောင်ရွက်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည့်ကို တွေ့ရှိရပါကြောင်း၊ ယခုလို လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ဆောင်ရွက်ပြီး သုံးသပ်ချက်/ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်မှုအပေါ် အကောင် အထည်ဖော်ခြင်းဖြင့်…