
ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့ရှိ လျှပ်စစ် ဓာတ်အားခွဲရုံများ လည်ပတ်နေမှုနှင့် ခွဲရုံဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေး
မြစ်ကြီးနား ဧပြီ ၂၈ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံ များ လုပ်ငန်းလည်ပတ်မှု အခြေအနေများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးခန့်ထက်၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီတွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ မလိ၊ ဒဘတ်ရေအားလျှပ်စစ် ဓာတ်အားခွဲရုံသို့ သွားရောက်ပြီး ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ မန်နေဂျာ ဦးလအောင်နှင့် တာဝန်ရှိသူများ၏ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များသို့ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ၁၃၂…