ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၅           မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် Stay Home အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်း စည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ သြဂုတ် ၅ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။    &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဒေသ တွင်းစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၅           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့်တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝဥ စိုက်ပျိုးရေးခြံတို့ကို သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူ ရေးခြံများမှထွက်ရှိသည့် အသီးအနှံအသားငါးများကို ဒေသတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များသာမက ပြည်သူများကိုပါ သက်သာသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချပေးနိုင်ရေးနှင့် စိုက်ပျိုးမြေဧရိယာ များအပြည့်အဝစိုက်ပျိုးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သီးနှံပင်များစိုက်ပျိုး ထားရှိမှု၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် တစ်ရှုး [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များရှိ စေတနာ့ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အဖွဲ့အ စည်းအသီးသီးနှင့် ချိတ်ဆက်ပေါင်းစပ်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် သြဂုတ် ၄ ရက်တွင် မြစ်ကြီးနားမြို့ပေါ် ကိုဗစ်-၁၉ အတည်ပြုလူနာ ဆောင်များသို့ သွားရောက်တွေ့ဆုံအားပေးပြီး စေတနာ့ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၃           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံသို့ ထိန်ချုံးခရိုင်ကုန်သည်ကြီး များအသင်းနှင့် ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းတို့မှ အလှူငွေများပေး အပ်လှူဒါန်းမှုကို သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခွဲတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လက်ခံရယူခဲ့သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ်  ၂           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသ‌ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်‌ဆောင်ရွက်နိုင်ရေးအတွက် သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။       &Read More

နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရေးနှင့် ကူညီထောက်ပံ့မှုများပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၃၁           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ စေတနာ့ဝန်ထမ်းများအား စွမ်းဆောင် ရည်မြှင့်တင်ပေးနိုင်ရေးနှင့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ ကာလအတွင်း ပြည်နယ်ထွေ/အုပ်ဝန်ထမ်း များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေ များပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၃၁           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ သည့်အတွက် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာမိသားစုများ၊ စားသောက်မှုခက်ခဲသော ဘာသာ ရေးကျောင်းများ၊ ပရဟိတကျောင်းများနှင့် နေရပ်စွန့်ခွာစခန်းများအတွက် အခြေခံစားသောက် ကုန်များကို ထောက်ပံ့ပေး လျက်ရှိရာ ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအား အခြေခံစား သောက်ကုန်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ တပ်မတော်လေယာဉ်ဖြင့် လာရောက်ပို့ဆောင်သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၃၀           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm များကို ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားနန်ပေါင်လေဆိပ်သို့ ရောက်ရှိခဲ့ ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်းစန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လက်ခံရယူ

မြစ်ကြီးနား     ဇူလိုင် ၃၀           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ပေးပို့လှူဒါန်း ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်း လက်ခံရယူခဲ့ကြသည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အူဗျစ်ကျေးရွာ၌ ရပ်/ရွာအခြေပြုကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များတွင် အရေးပေါ် အသုံးပြုနိုင်ရေး Oxygen Concentrator

မြစ်ကြီးနား     ဇူလိုင် ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများပြားလာ သည်နှင့်အမျှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ရေးအ တွက် ရပ်/ရွာအခြေပြု ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးနိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာဆောင် များတွင် အရေးပေါ်အသုံးပြုရန်အတွက် Oxygen Concentrator ပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။    &Read More