ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများ

မိုးမောက်       သြဂုတ် ၁၂           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်ဆည်းစီမံဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်ဝန် ကြီးချုပ် ဦးခက်ထိန်နန်သည်   ဗန်းမော်မြို့သို့ ယနေ့ မွန်းလွဲ ၃ နာရီတွင် လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိပြီး မိုးမောက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။     &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     သြဂုတ် ၁၂           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ဘာသာ ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်မှု အား ကောင်းလာသည်နှင့်အမျှ ပါဝင်ဆောင်ရွက်သူများအနေဖြင့် ကိုဗစ်-၁၉ ကို စနစ်တကျဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေး သြဂုတ် ၁၂ ရက် နံနက် ၉ နာရီတွင် ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်မှုသင်တန်းဖွင့်လှစ် ပေးခဲ့သည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ICRC မှ ဆေးစိမ်ခြင်ထောင်များ လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး

မြစ်ကြီးနား     သြဂုတ် ၁၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၁၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ကြီးနား မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်ခြင်းဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး သြဂုတ် ၁၀ ရက် ညနေ ၅ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းနှင့် ရမ်ပူရပ်ကွက်တို့တွင် နှစ်စဉ် ဧရာဝတီမြစ် ရေမြင့်တက်ခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကြောင့် ရေဝပ်/ ရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော နေရာများနှင့် &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၀           ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသတွင်း ဆေးဝါး နှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချူပ် က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့ရှိ ဆေးဆိုင်များ၊ အရောင်းကိုယ်စားလှယ် များမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ပေးပို့လှူဒါန်းသည့် အောက်စီဂျင်အိုးအလုံး ၂၀၀ ကို လက်ခံပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့်

မြစ်ကြီးနား     သြဂုတ် ၉           ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးနားမြို့အခြေစိုက် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိ တက်မှ ၄၀ လီတာဆံ့အောက်စီဂျင်အိုး အလုံး ၂၀၀ ပေးပို့ လှူဒါန်းမှုအား လက်ခံရယူသည့် အခမ်း အနားကို သြဂုတ် ၉ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ ၌ ကျင်းပပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံ ထောက်ပံ့ပေးအပ်ခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား    သြဂုတ်  ၉           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ အား အသိပညာပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်းလုပ်ငန်းများအတွက် တိုင်းရင်းသားဘာသာ စကားများဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားနှင့် ပြည်နယ်အတွင်း သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို သြဂုတ် ၉ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်အတွင်း ကိုဗစ်Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

မြစ်ကြီးနား     သြဂုတ် ၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကို အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သြဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၇           ကချင်ပြည်နယ်အတွင်း နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုများ၊မြေပြိုကမ်းပြိုမှုများ အပါအဝင် သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များကြောင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့ ခံစားရမှု လျော့နည်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ အရေးပေါ်တုံ့ ပြန်ရေးစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သဘာဝဘေး အန္တရာယ်ကို အစိုးရအဖွဲ့၊ တပ်မတော်နှင့် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ဟန်ယိသတ္တုထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၆           ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက် မှ ပေးပို့လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများအား သြဂုတ် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်း၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။        &Read More