ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ဝိုင်းမော် ဇူလိုင် ၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပလာစေ ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနား- ဝိုင်းမော်သွားလမ်း နမ့်မြစ်ခတံတားအနီးမှ စတင်၍ ဝိုင်းမော်မြို့ အဝင် ဆိုင်းဘုတ်အထိ လမ်းဘေးဝဲ/ယာတို့တွင် စိန်ပန်းနီပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ဝိုင်းမော်မြို့ အမှတ် (၁)ရပ်ကွက်အတွင်းရှိ ဧရာမော်ပန်းခြံအား အများပြည်သူ…