ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ကချင်ပြည်နယ်အတွင်းရှိ ဘဏ်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ပေးအပ်

မြစ်ကြီးနား သြဂုတ် ၂၀ကချင်ပြည်နယ်အတွင်းရှိ ဘဏ်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအား သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး ၊ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် သည်။ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် အခြားသောဘဏ်ဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ စိန်ခေါ်မှုများ၊ ကိုဗစ်-၁၉ ကူးစက် ရောဂါအခက်အခဲများအကြားက ငွေကြေးလည်ပတ်မှုကိစ္စရပ်များအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သောကြောင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း အမှာစကား ပြောကြားသည်။ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့ မှ ကချင်ပြည်နယ်အတွင်းရှိ အစိုးရဘဏ်(၁၇)ခုရှိ ဘဏ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ၁၂၅သိန်း၅သောင်းကျပ်အား […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးုချုပ် ဦးခက်ထိန်နန်သည် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းများ ဘဏ္ဍာနှစ်ကျော်လွန်သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား သြဂုတ် ၁၉ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ်လ ၁၉ရက်နေ့ နံနက် မွန်းလွှဲ ၁နာရီအချိန်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင်ကျင်းပပြုလုပ်သော ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းများ ဘဏ္ဍာနှစ်ကျော်လွန် သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။ဦးစွာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲနှင့် နှောင့်နှေးကြန့်ကြာမှု ရှိခြင်းများကို နားလည်ပါကြောင်း ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းများ ဘဏ္ဍာနှစ်ကျော်လွန်သုံးစွဲရေးဆိုင်ရာကိစ္စရပ်များအား လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက မပြီးပြတ်သေးသည့် လုပ်ငန်းကိစ္စရပ်များအား ကုမ္ပဏီလုပ်ငန်းရှင်များနှင့်ဌာနဆိ်ုင်ရာများ ပူးပေါင်းညှိနှိုင်းအဖြေရှာပြီး တတ်သိနားလည်သော ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးညှိနှိုင်းကြရန် ဖြည့်စွက်ပြောကြားသည်။ အဲဒီနောက် ကချင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူး […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များသို့ ကွင်းဆင်း စစ်ဆေးပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်သရုပ်ပြသမှုအခမ်းအနားသို့ တက်ရောက်ကြည့်ရှု

မြစ်ကြီးနား သြဂုတ် ၁၈ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ်လ ၁၈ ရက်နေ့ နံနက် ရနာရီခွဲအချိန်က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရေဝပ်သည့်ရပ်ကွက်များ၏ မြေပြင်အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ အဖွဲ့သည် ပမ္မတီးရပ်ကွက် နယ်မြေ (၅) ရေဝပ်ရေအိုင်ခြင်းများ အတွက် ရွှေလမ်းမကြီးလမ်းဘေး ဝဲ/ယာ ကျောက်စီရေမြောင်းနှင့် ကွန်ကရစ်တံတားဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအား ဖြည့်စွက်ညှိနှိုင်းပေး ခဲ့သည်။ယင်းနောက် အဆိုပါရပ်ကွက်ရှိ တောင်သူများ၏ လယ်ယာမြေများအား မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေမြုပ်ဖုံးလွမ်းမှု မရှိစေရန် ရေနုတ်မြောင်းများ တူးဖော်ဖောက်လုပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်ဖောင်းနယ်မြေရှိ ဝဥ စိုက်ပျိုးထားခြင်း ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများအား လေ့လာကြည့်ရှုပြီး အဆိုပါ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၀င်များနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုထိန်းချုပ်ရေးလုပ်ငန်းများ

ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းစတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ရောဂါကူးစက်မှုနှုန်းလျော့ကျစေရေးအတွက် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီဥက္ကဌ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ်ရုံးခန်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား အထူးကြပ်မတ် ဆောင်ရွက်ရန် Video Conferencing စနစ်ဖြင့် ဆွေးနွေးပြောကြားသည်။ အဆိုပါ ဆှေးနှေးပှဲ၌ ကောမြတီဝငမြွား ဆှေးနှေးတငပြှရာတှငြ ကိုဗဈ-၁၉ ရောဂါ ကူးစကလြူနာမွား အတှကြ အောကစြီဂငွြ လုံလောကစြှာရရှိစရနြေ၊ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်အတွင်းရှိ စိုက်ပျိုး ၊မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁၇ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ အတွင်း စားနပ်ရိက္ခာ နှင့်ကုန်ထုတ်လုပ်မှု အခြေအနေများနှင့်ပတ်သက်၍  ပြည်နယ် အတွင်းရှိ စိုက်ပျိုး ၊မွေးမြူရေး လုပ်ငန်းရှင်များ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ရှေးဦးစွာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦီးခက်ထိန်နန်က ကိုဗစ်-၁၉ ရောဂါ ကြောင့် ပြည်နယ်အတွင်း အဘက်ဘက်၌ အဆင်မပြေမှုများစွာ ရှိကြောင်း အဓိကအားဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး အတွက် အာဟာရပြည့်ဝသည့် အခြေခံစားသောက်ကုန်များ ထုတ်လုပ်ရောင်းချရာတွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းရှင်များ သည် လွန်စွာအရေးပါကြောင်း နှင့် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ ရေဝပ်သည့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် နှာခေါင်းစည်း(Mask) များသွားရောက်ထောက်ပံ့

မြစ်ကြီးနား သြဂုတ် ၁၆ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သြဂုတ်လ လဆန်းပိုင်းက မိုးများအဆက်မပြတ် ရွာသွန်း ရေကြီးရေလျှံခြင်းကြောင့် မြေနိမ့်ပိုင်း ရပ်ကွက် အချို့ရှိ ပြည်သူများ ရေဘေးလွတ်ရာသို့ ယာယီ တိမ်းရှောင်လျက်ရှိကြောင်းသိရသည်။ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အစိုးရအဖွဲ့ဝင်များသည် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က ရပ်ပူရပ်ကွက်ရှိ ရေဘေးလွတ်ရာသို့ ယာယီ တိမ်းရှောင်လျက်ရှိသော ပြည်သူများအား အခြေခံစားသောက်ကုန်နှင့်နှာခေါင်းစည်း(Mask) များသွားရောက်ထောက်ပံ့ခဲ့သည်။ ထိုသို့ထောက်ပံ့ရာတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊ပြည်နယ် သယံဇာတ ဝန်ကြီး ဦးတိန့်ဆောင် နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း တို့မှ ရေဘေးသင့် အိမ်ထောင်စု (၇)စု တို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ဆီ အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များအား […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြန်လည် လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများအား နွေးထွေးစွာ လက်ခံကြိုဆို

မြစ်ကြီးနား     သြဂုတ် ၁၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်း ပြည်နယ်ခွဲထံမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့်  ပြန်လည်လွှဲ ပြောင်းလာသော မြန်မာနိုင်ငံအတွင်းရှိ အရပ်ဒေသအသီးသီး ပြည်သူ (၂၉၁)ဦးတို့အား သြဂုတ် ၁၇ ရက် ညနေ ၆ နာရီတွင် မြစ်ကြီးနားမြို့၌ နွေးထွေးစွာ လက်ခံကြိုဆိုကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေမိသားစုများအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပြီး ခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး

ဗန်းမော်         သြဂုတ် ၁၅           ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီတွင် ဗန်းမော်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။    &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး မံစီမြို့နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

ဗန်းမော်         သြဂုတ် ၁၄           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မံစီမြို့နယ် အတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်း များကို သြဂုတ် ၁၄ ရက်တွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။     &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဗန်းမော်        သြဂုတ် ၁၃           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်   သြဂုတ် ၁၃ ရက်နေ့ တွင် ဗန်းမော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ခရိုင်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအသုံးပြုရန် အထောက်အကူပြုပစ္စည်းများကို ဖြန့်ဝေပေးအပ်ခဲ့သည်။   &Read More