ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၀၂၂ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ စတင်ဖွင့်လှစ်ပေး
မြစ်ကြီးနား ဧပြီ ၂ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ယနေ့ နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်နယ်မိုးလုံလေလုံခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးနှင့် ပူးပေါင်းဖွင့် လှစ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ယနေ့ ဖွင့်လှစ်သည့် သင်တန်းမှ တစ်ဆင့် ဝါသနာပါရာ အားကစားနည်း၏ အခြေခံများကို စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း သားများအနေဖြင့် အချိန်ကို လေးစားတတ်ခြင်း၊…