ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၌ ရေကူးကန်တည်ဆောက်နေမှု၊ ကချင်တိုင်းရင်း သားရိုးရာဂျပ်ခုတ်သင်တန်းကျောင်းနှင့် လေဆိပ်ရှေ့ပန်းခြံတို့အား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၁၈ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်တည်ဆောက်နေမှု၊ ရိုးရာဂျပ်ခုတ်သင်တန်းကျောင်း ပြုပြင်ဆောင်ရွက်နိုင်ရေး နှင့် လေဆိပ်ရှေ့ပန်းခြံဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲ တွင် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦး စီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေကူးပြေးလမ်း ၁၀ လမ်းပါ (အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန်တည်ဆောက်နေမှုလုပ်ငန်းခွင်အတွင်း ပွဲကြည့်စင်ဆောက်လုပ်နေမှု၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှုအခြေအနေတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် က စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သွားရေး တာဝန်ရှိသူများအားမှာ ကြားခဲ့သည်။…