မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

 မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဇန်နဝါရီ ၄

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်တွင် ကျင်းပပြုလုပ်ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ရုံး ရှေ့ မျက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။

          (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။

          ထို့နောက် နံနက် ၇ နာရီတွင် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ရာ တပ်မတော်ဂုဏ်ပြုစစ်ကြောင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အား ချီတက်အ လေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဂုဏ်ပြုတပ်ဖွဲ့ဝင် များနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့ လာသော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက် ရောက်ခဲ့ကြကာ တပ်မတော်စစ်တီးဝိုင်း၊ စစ်ရေးပြတပ်ခွဲများနှင့် အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး တိုင်းမှူးက လွတ်လပ်ရေးနေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့မှု တက်ရောက် ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်သူ့အားကစား ကွင်း၊ မိုးလုံလေလုံခန်းမ၌ ကျင်းပသည့် ဂျူဒိုပြိုင်ပွဲနှင့် သရုပ်ပြပွဲကို တက်ရောက် ကြည့်ရှုအားပေး ခဲ့ကြပြီး ကီလိုတန်းအလိုက် ဆုရသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ မနောမြေအားကစားခန်းမ၌ ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲကို တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဘောလုံးကွင်းအတွင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျှော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပ နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အားကစားနည်းအလိုက် ဆုရသူများအား ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မြစ်ကြီး နားမြို့ ပြည်သူ့အားကစားကွင်းအတွင်း သတ်မှတ်နေရာများအလိုက် အပြေးပြိုင်ပွဲ၊ တင်းနစ်၊ ဂျူဒို၊ ကရာတေး၊ ရိုးရာခြင်းလုံး၊ ရေကူးပြိုင်ပွဲများနှင့် ပျှော်ပွဲရွှင်ပွဲအဖြစ် သံပုံးရိုက်၊ ဖားခုန်၊ တာယာ ကွင်းဘောလုံးကန်၊ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်၊ ကင်းမြီးကောက်အပြေးပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။