ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်ဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည်(၆)မိုင် (၃)ဖာလုံ ကွန်ကရစ်လမ်းသစ်ဖွင့်ပေး
မြစ်ကြီးနား မတ် ၂၆ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာ ရန်ပုံငွေကျပ် (၄၆၆၂ ဒဿမ ၅၈၈)သန်းဖြင့် ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော မြစ်ကြီးနားမြို့သို့ ဒုတိယဝင်ပေါက်လမ်းတစ်ခုဖြစ်သည့် နန်ပေါင်လေယာဉ်ကွင်းရှောင်လမ်း အရှည် (၆)မိုင် (၃)ဖာလုံ၊ (၂၄) ပေအကျယ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၂၆ ရက် နံနက် ၈ နာရီခွဲက အဆိုပါလမ်းပိုင်းရှိ ရှဒေါင်ကျေးရွာလမ်းခွဲ၌ ကျင်းပပြုလုပ်သည်။ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ဖွင့်လှစ်မည့် နန်ပေါင်လေယာဉ်ကွင်းရှောင်ကွင်းလမ်းသည် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှတစ်ဆင့် မြစ်ကြီးနားမြို့ သို့ ဒုတိယဝင်ပေါက်လမ်းတစ်လမ်းဖြစ်သည့်အတွက် မော်တော်ယာဉ်များအနေဖြင့် မြစ်ကြီးနားမြို့သို့ ဝင်ရောက်ရာတွင် ယာဉ်ကြောကြပ်တည်းမှု…