ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်ပြီး ဝန်ထမ်းများနှင့်အတူ စုပေါင်းသွေးလှူဒါန်း
မြစ်ကြီးနား နိုဝင်ဘာ ၂ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံရှိ လူနာများ သွေးလိုအပ်မှုအခက်အခဲအား အထောက်အပံ့ဖြစ်စေရေးအတွက် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီ ခွဲက ပြည်နယ်အစိုးရရုံးအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝန်ထမ်းများနှင့်အတူ တက်ရောက် သွေးလှူဒါန်း ခဲ့သည်။ ထိုသို့စုပေါင်းသွေးလှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း သည် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်အတူတကွ စုပေါင်း၍ သွေးလှူဒါန်းကြရာ မြစ်ကြီးနားမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း များက သွေးလှူဒါန်းရန်အချက်အလက်များစိစစ်ကောက်ယူခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ [&Read More