ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်ပြီး ဝန်ထမ်းများနှင့်အတူ စုပေါင်းသွေးလှူဒါန်း

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်ပြီး ဝန်ထမ်းများနှင့်အတူ စုပေါင်းသွေးလှူဒါန်း

မြစ်ကြီးနား     နိုဝင်ဘာ ၂

          ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံရှိ လူနာများ သွေးလိုအပ်မှုအခက်အခဲအား အထောက်အပံ့ဖြစ်စေရေးအတွက် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်‌ ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီ ခွဲက ပြည်နယ်အစိုးရရုံးအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝန်ထမ်းများနှင့်အတူ တက်ရောက် သွေးလှူဒါန်း ခဲ့သည်။

          ထိုသို့စုပေါင်းသွေးလှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း သည် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်အတူတကွ စုပေါင်း၍ သွေးလှူဒါန်းကြရာ မြစ်ကြီးနားမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း များက သွေးလှူဒါန်းရန်အချက်အလက်များစိစစ်ကောက်ယူခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးများဖောက်ယူစစ်ဆေးပေးခြင်းနှင့် သွေးလှူဒါန်းခြင်းကိစ္စရပ်တို့ ကိုဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူတို့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဝန်ထမ်းများအတွက် အာဟာရမုန့်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

အလားတူမွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၄)နှစ်မြောက် နှစ်ပတ်လည်‌နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ အင်္ဂလိပ်စာစွမ်းရည်တိုးတက်မြင့်မား‌‌ရေးအတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး၊ အောက်တိုဘာလအတွင်းက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ ကွန်ပျူတာစွမ်းရည်ပြိုင်ပွဲ များအား ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း နှစ်ပတ်လည်နေ့အခမ်းအနားတွင် ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်း သားသမီးများနှင့် တစ်နှစ်တာအတွင်း ခွင့်မယူဘဲ ရုံးတက်အမှန်ဆုံးဝန်ထမ်းဆုများ၊ ဝန်ထမ်းအိမ်ရာ သန့်ရှင်းရေးဆုများ၊ ပင်စင်စားဝန်ထမ်း ဟောင်းများကိုလည်း ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။