ကချင်ပြည်နယ်၀န်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရွှေမိုးတောင်ဘုရား ပရ၀ဏ်နှင့် မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ အမှုထမ်းအဆင့် အခြေခံ
မြစ်ကြီးနား နို၀င်ဘာ ၂၀ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သတ်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ် ၊တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊တပ်မတော်သားများနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များစုပေါင်း၍ ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား နို၀င်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ နံနက်၇နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့၀င်များသည် ဝိုင်းမော် မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပရဝုဏ် အတက်/အဆင်း လမ်းများရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်း ကောက်ယူခြင်းလုပ်ငန်းများကို ဝိုင်းမော်မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော် သားများ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ အဆိုပါ ရွှေမိုးတောင်ဘုရားတွင်ဆောက်လုပ်ထားသည့် […]Read More