ကချင်ပြည်နယ် မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား နိုဝင်ဘာ ၃ မြန်မာပြည်မြောက်ဖျား မြန်မာ့မီးရထားလမ်းဆုံးဖြစ်သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှိ မြန်မာ့မီးရထားဘူတာယာဒ်ဝန်းအား စီးပွားရေး၊ လူမှုရေးဧရိယာတစ်ခုအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်သည်။ မြန်မာ့မီးရထား၊ မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးနှင့် ပတ် သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်မှာကြားချက်များ နှင့်အညီ မိမိတို့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတည်ရှိနေသည့် မြစ်ကြီးနား ဘူတာရုံအား ပြည်နယ်၏ ကုန်သွယ်စီးပွားရေးရပ်ဝန်းတစ်ခုအဖြစ် ခေတ်နှင့်လျော်ညီပြီး မြို့တော် အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ &Read More