ကချင်ပြည်နယ် ၀န်ကြီးချုပ်က “ပန်းခင်းစီမံချက်”ဖြင့် အောက်တိုဘာလအတွင်း ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားနှင့် အိမ် ထောင်စုလူဦးရေ စာရင်းများအား ပေးအပ်ပြီး ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် U -17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော ကျား/မ ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ် ၀န်ကြီးချုပ်က “ပန်းခင်းစီမံချက်”ဖြင့်  အောက်တိုဘာလအတွင်း ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစီစစ်ရေးကဒ်ပြားနှင့် အိမ် ထောင်စုလူဦးရေ စာရင်းများအား ပေးအပ်ပြီး ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် U -17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘော ကျား/မ ပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား            နိုဝင်ဘာ ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံး၏ အောက်တိုဘာလအတွင်း ”ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောက်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသား စီစစ်ရေးကဒ်နှင့် အိမ်ထောင်စုဇယား ပေးအပ်ပွဲအား နိုဝင်ဘာလ ၁၅ရက်နေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အိမ်ထောင်စုဇယားနှင့် နိုင်ငံသား စီစစ်ရေးကဒ်ပြားဟာ ပြည်သူများ၏ လူမှုရေး၊စီးပွားရေး ၊ကျန်းမာရေး၊ပညာရေး အစရှိသော  နေရာများတွင် အသုံးပြုနေရတာဖြစ်တဲ့အတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ နိုင်ငံသားစီစစ်ရေး  ကဒ်ပြားဆောက်ရွက်ပေးခြင်းဟာ နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးတာကြောင့် မိမိရဲ့ ကိုယ်ရေးအချက်အလက်များကို မှန်မှန်ကန်ကန် ဖြည့်သွင်းပေးဖို့လိုမှာဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက လွယ်ကူလျှင်မြန်စွာ ရရှိမှာဖြစ်ပါကြောင်း၊ ရရှိလာတဲ့ နိုင်ငံသားစီစစ်ရေး ကဒ်ပြားနဲ့ အိမ်ထောင်စုယားများအား ရိုရိုသေသေ ၊ စနစ်တကျ ကိုယ်တွယ်အသုံးပြုဖို့နှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များကိုလည်း သိရှိ နားလည်ဖို့ လိုအပ်မှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ယင်းနောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာ၀န်ကြီး ဦးဝင်းရဲထွန်းမှ “ပန်းခင်းစီမံချက်” ဆိုင်ရာလုပ်ငန်း ကိစ္စရပ် များအား ရှင်းလင်း တင်ပြသည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားသူကြီးချုပ်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ပေးအပ်ရာ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးများမှ လက်ရခံရယူသည်။ အဲ့ဒီ‌နောက်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ၀န်ကြီးများက ဆက်လက်ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်းခရိုင်(၄)ခရိုင်ရှိ မြို့နယ်‌(၁၈)မြို့နယ်တွင် ဒေသခံပြည်သူများ အတွက်  “ပန်းခင်းစီမံချက်” ဖြင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင်  နိုင်ငံသားစီစစ်ရေးကဒ်ပြား (၇၂၈၄)ကဒ်နှင့်  အိမ်ထောင်စုလူဦးရေ စာရင်း (၆၁၃)စု ပြုလုပ်ပေးနိုင် ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် နံနက် ၁ဝ နာရီ အချိန်က ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမသို့ ရောက်ရှိပြီး ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ်  ဘော်လီဘောကျား/မ ပြိုင်ပွဲအား တက်ရောက် ဖွင့်လှစ်ပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ဘော်လီဘောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းမှာ ကချင်ပြည်နယ်၏ ဘော်လီဘောအားကစားနည်း အဆင့်အတန်း တိုးတက်ဖွံ့ဖြိုးလာစေရန် ၊ကချင်ပြည်နယ်၏ဂုဏ်ကို ဘော်လီဘောအားကစားနည်းဖြင့် မြှင့်တင်ပေးနိုင်ရန် ၊ ပြည်နယ် အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့်  အားကစားကို အခြေခံ ချစ်မြတ်နိုးသည့်စိတ်ဖြင့် ကျန်းမာ ကြံ့ခိုင်သောလူငယ်များ ဖြစ်လာစေရန်နှင့် အားကစားမှတဆင့် မှန်ကန်သော အသိအမြင် အတွေးအခေါ်များ ရရှိလာစေရန် ရည်ရွယ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ဘော်လီဘော အားကစားသမားများမှ အားကစားအဓိဌာန် ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၀င်များက ပြိုင်ပွဲအသင်းများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဘော်‌လီဘော ဘောလုံးများအား အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား (၈)သင်း၊အမျိုးသမီး (၆)သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ နိုဝင်ဘာလ ၁၅ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ နို၀င်ဘာလ ၁၄ ရက်နေ့ ‌နေ့လည် ၂ နာရီ အချိန်တွင်  ပြည်နယ်ဝန်ကြီးချုပ်သည် U-17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဘောလုံးအားကစားသမားများက အားကစားအဓိဌာန် ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်တရားသူကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး လေ့ကျင့်ရေး ဘောလုံးများအား ပေးအပ်ခဲ့သည်။

အဲ့ဒီနောက် ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ဖွင့်ပွဲအဖြစ် ယှဉ်ပြိုင်သော မျိုးဆက်သစ် FC  နှင့် ရှမ်းလူငယ်စာပေနှင့်ယဉ်ကျေးမှု FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ U-17 အမျိုးသားကလပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကလပ်အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး နို၀င်ဘာလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။