ကချင်ပြည်နယ် ဝန်ကြီးချုပ်က တက္ကသိုလ်/ကောလိပ်/ အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 ကချင်ပြည်နယ် ဝန်ကြီးချုပ်က တက္ကသိုလ်/ကောလိပ်/ အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား          နိုဝင်ဘာ ၁၅

တက္ကသိုလ်/ကောလိပ်/အထက်တန်း/အလယ်တန်း ကျောင်းသား/သူများ ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၁)အား နို၀င်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းစစ်ဦးစီးချုပ်   ဗိုလ်မှူးချုပ် မြတ်သူစိုး ၊ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်သည်။

ရှေးဦးစွာ ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ”  ပြည်နယ်အတွင်း ကျောင်းအပ်နှံသည့် အခြေခံပညာ ကျောင်းသား/သူ  ၅၆၈၃၇ ဦး ရှိသည့်အနက် ၅၅.၃၁ ရာခိုင်နှုန်းအား ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်ကြောင်း ၊ တက္ကသိုလ် /ကောလိပ် များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်ရှိ နေသေးသော ကျောင်းသား/သူများအား စာရင်းဇယားကောက်ယူပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ယင်းနောက် ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များမှ  ဆွေးနွေးတင်ပြသည်။

အဲ့ဒီနောက် ပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ပြည်နယ် အတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က IDPစခန်းများရှိ ပြည်သူများအား ကာကွယ်ဆေးထိုး နှံပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ ကုန်စည်စီးဆင်းမှု လျင်မြန် ချောမွေ့စေရေးအတွက် နယ်စပ် ကုန်သွယ်ရေးစခန်းများ  ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ‌တက္ကသိုလ်/ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ‌ကိုဗစ်-၁၉ရောဂါ ကူးစက်မှု နှုန်းအား ယခုထက်ပိုမို လျော့ကျအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

အလားတူပဲ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းက စီတာပူရပ်ကွက်အတွင်း ကို‌ဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းသို့ အလှူရှင်များကိုယ်စား ငွေကျပ် သိန်း(၉ဝ)အား ပေးအပ်လှူဒါန်းရာ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။