ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဖုန်ရင်ရာဇီနှင့် ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်းပိုင်းခင်းကျင်း ဆောင်ရွက်နေမှုနှင့် မူလာချောင်းကူးတံတားတည်ဆောက်နိုင်ရေး သွားရောက်ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဖုန်ရင်ရာဇီနှင့် ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်းပိုင်းခင်းကျင်း ဆောင်ရွက်နေမှုနှင့် မူလာချောင်းကူးတံတားတည်ဆောက်နိုင်ရေး သွားရောက်ကွင်းဆင်းစစ်ဆေး

ပူတာအို        အောက်တိုဘာ ၂၆

          မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဖုန်ရင်ရာဇီ၊ ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်း ပိုင်း(အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း) ခင်းကျင်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်က အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီတွင် သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိန်း၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဍဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အထက် ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း လမ်းအရှည် ၂၄ မိုင်အတွင်း ဦးစီးဌာနမှ တာဝန်ယူဆောင် ရွက်လျက်ရှိသည့် တောင်ပေါ်မြေသားလမ်း တိုးချဲ့ခြင်းလုပ်ငန်း ၁၇ မိုင်ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် လမ်းပိုင်းအတွင်း အရှည်ပေ ၂၄၀ ရှိ မူလာချောင်းကူးတံတား တည်ဆောက်နိုင်ရေး အတွက် ၆ မိုင် ဗျူးပွိုင့်နေရာမှ တစ်ဆင့် မော်တော်ဆိုင်ကယ်များဖြင့် သွားရောက်၍ မြေပြင် အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ၆ မိုင်ဗျူးပွိုင့်ရှိ ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရေခဲတောင်သွားလမ်း ပိုင်းဆောင်ရွက်နေမှုအခြေအနေများ၊တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် တောင်ပေါ်မြေသားလမ်း တိုးချဲ့ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ရေခဲတောင်တောင်တက် ခရီးစဉ်တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အစီအစဉ် များ၊ ကြိုးဝိုင်း/ ကြိုးပြင်သစ်တောများ စနစ်တကျထိန်းသိမ်းနိုင်ရေး၊ သစ်တော၊ သစ်ပင်ခုတ်ယူ နေမှုနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်း စပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ လမ်းပိုင်းသည် လမ်းအရှည် ၂၄ မိုင်ရှိပြီး ပူတာအိုဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဇီယာဒမ်းမှတစ်ဆင့် ဖုန်ရင်ရာဇီရေခဲတောင်နှင့် ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ကျေးရွာ ၈ ရွာ အတွင်းရှိ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးကိစ္စရပ်များနှင့် လယ်ယာထွက်ကုန်များ အချိန်မီတင်ပို့ ရောင်းချနိုင်ရေးအတွက် ရာသီမရွေး သွားနိုင်မည့် လမ်းပိုင်းတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိပြီး အခြေခံပ ညာအထက်တန်းကျောင်း(ပူတာအို)၌ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း အဆင့်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းဆရာ/ဆရာမများအတွက် ချီးမြှင့်ထောက်ပံ့ ငွေများနှင့် ကျောင်းသား/သူများအတွက် နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ညနေပိုင်းတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပူတာအိုဒေသတွင်း ဆန်ရိက္ခာဖူလုံ‌ရေး၊ စိုက်ပျိုးရေးကဏ္ဍတိုးတက်မြှင့်မားလာစေရေး၊ နည်းစနစ်တကျစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေး သွင်းအားစုများမှန်ကန်မှုရှိစေရေး စက်မှုလယ်ယာဦးစီးဌာနမှ ဖော်ဆောင်သွားမည့် စိုက်ပျိုးမြေ များ တိုးချဲ့ဖော်ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။