ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၌ အောက်စီဂျင်စက်ရုံဖွင့်လှစ်ပေးခြင်း၊ ပူတာအို လွင်ပြင်ပတ်လမ်းနှင့် တံတားများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့၌ အောက်စီဂျင်စက်ရုံဖွင့်လှစ်ပေးခြင်း၊ ပူတာအို လွင်ပြင်ပတ်လမ်းနှင့် တံတားများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ပူတာအို         အောက်တိုဘာ ၂၅

          ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက် ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၅ ရက်တွင် ပူတာအိုမြို့၌ အောက်စီဂျင်စက်ရုံဖွင့်လှစ်ပေးပြီး ပူတာအိုလွင်ပြင်ပတ်လမ်းနှင့် တံတားများ ဆောင်ရွက်နေမှု၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဆုများတက် ရောက် ချီးမြှင့်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီးဦး‌ကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပူတာအိုမြို့ခရိုင်ပြည်သူ့ဆေးရုံ အတွင်း တည်ဆောက်ပြီးစီးသည့် အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအနည်းဆုံး ဒေသဖြစ်သော်လည်း ခရိုင်အတွင်းရှိ ပြည်သူများ၏ လိုလားတောင်းတချက်တစ်ခုဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အဓိကကျသည့် အောက်စီဂျင်လိုအပ်ချက် အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီအတွက်ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်ထံ ကော်မတီလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန် ငွေကျပ် ၁၀ သိန်းနှင့် ခရိုင်ပြည်သူ့ဆေးရုံ ဆရာဝန်၊ သူနာပြုများအတွက် ငွေကျပ် ၂၄ သိန်း၊ ပူတာအိုမြို့ Snow Land Hotel ပိုင်ရှင် ဦးရယ်ဒမ်းတန်က အောက်စီဂျင်အိုး သယ်ဆောင်ရေးထော်လီများ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့ကိုယ် စား အောက်စီဂျင်စက်ရုံနှင့် စက်ရုံဆိုင်ရာစာရွက်စာတမ်းများကို ခရိုင်ပြည်သူ့ဆေးရုံကြီးထံ လွှဲ ပြောင်းပေးအပ်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒေသကိုယ်စားပြုအဖွဲ့ဝင် ဦးမယစ်ယောရှုက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ထို့နောက် အောက်စီဂျင်စက်ရုံ အဆောက်အဦအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး၊ စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြကြကာ စက်ရုံလည်ပတ်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စက်ရုံ လည်ပတ်ရေးတာဝန်ယူဆောင်ရွက်ကြမည့် လူမှုရေးအသင်းအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ များကို ချီးမြှင့်ပေးအပ်ခဲ့ကြကာ ခရိုင်ပြည်သူ့ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကြကာ ထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်၊ တာဝန်ရှိသူများနှင့်အတူ ဦးစီးဌာနမှ တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ကျေးရွာပေါင်း (၂၈)ရွာ၊ အိမ်ခြေ (၂၀၅၆) အိမ်နှင့် လူဦးရေ ၁၀၉၄၀ ဦးတို့အား အကျိုးပြုနေသည့်  ပူတာအိုလွင်ပြင်ပတ်လမ်း (ပူတာအို-လယ်မယ်ဝါရီ – နမ်ရှယ်ကော့-မန်စေခွန် -မန်စေလမ်းပိုင်း) လမ်းအရှည် ၂၅ မိုင်အတွင်း ကွန်ကရစ်လမ်း ၄/၄ မိုင်၊ ကွန်ကရစ်တံတား ၁၁ စင်း၊ Box Couvert  ၄ စင်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ကွန်ကရစ်လမ်း ၂ မိုင် ဆောင်ရွက်ရန် လျာထားမှုနှင့် နမ့်ပလပ်ချောင်းကူးတံတား တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

          ယင်းနောက် မန်စေကျေးရွာအတွင်း ဆောက်လုပ်ပြီးစီးသည့် မန်စေတံတားဆောင်ရွက်ပြီး စီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုလွင်ပြင်ပတ်လမ်းသည် ရေခဲတောင်သွားလမ်းတစ်ခုဖြစ်သည့်အပြင် ဒေသအတွက် စိုက်ပျိုးရေးကုန်ထုတ်လမ်းတစ်ခုဖြစ် ပြီး ဒေသတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူဖြစ် သည့် လမ်းပိုင်းဖြစ်သည့်အတွက် အမြန်ဆုံးပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          အလားတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးတို့သည် နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်ရေးစခန်းအဖြစ် နေရာချ ထားပေးသည့် ဇီးဒမ်းကျေးရွာခန်းမ၌ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးရွာအတွက် ဆန်အိတ် ၃၀၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ဓာတ်မြေသြဇာ ၁၅ အိတ်၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျေးရွာအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကောင်ကထောင်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်- မတ်ပန်ကွင်း (၁၃/၁၄)၊ ဦးပိုင်အမှတ် (၅/၆) မြေဧရိယာ ၁၀ ဧကပေါ်တွင်  စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းအတွင်း ဆင်းဧကရီ – ၃ မျိုးစပါးများ ရိတ်သိမ်းထားရှိ မှုကို ကြည့်ရှုအားပေးပြီး စံပြကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးနိုင်ရေး၊ ကျွဲနွားအန္တရာယ်အတွက် ခြံစည်းရိုးခတ် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဌာနတာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူး ကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပမ္မတီးအသင်းနှင့် လေယာဉ်ကွင်း ရပ်ကွက်အသင်း ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးပြီး ဗိုလ်လုပွဲစဉ်တွင် ပမ္မတီးဘောလုံးအသင်း က ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများက နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် ပထမ၊ ဒုတိယဆုများအသင်းများအတွက် ဆုတံဆိပ်များနှင့် ပထမဆုအသင်းအတွက် ဆုဖာလားနှင့် ချီးမြှင့်များကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။           ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့မရပ်ကွက်အတွင်း စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအိုမှ တည်ဆောက်ဖွင့်လှစ်သွားမည့် မေတ္တာဦးသက်သာချောင်ချိရေးဆိုင်ခန်း မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အမြန်ဆုံးဆောင်ရွက်ပြီးစီးရေးနှင့် လမ်းဆုံနေရာ တစ်ခုဖြစ်သည့်အတွက် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲသည်။