ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၃/၂၀၂၁) ပြုလုပ်ကျင်းပ

မြစ်ကြီးနား     မေ ၁၄           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး (၃/၂၀၂၁)ကို မေ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။           အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးခက်ထိန်နန်က နိုင်ငံတော်နှင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သည် အမှန်တကယ်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများစွာရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လုပ်ကိုင်ရာတွင် ဥပဒေ၊အမိန့် ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုစိစစ်ပေးနိုင်ရေးကို ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြား သည်။                  ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အမိန့်ကြေညာစာများ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်းများအတွက်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံအသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     မေ ၁၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၃ ရက်မှ စတင်၍ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပလျက်ရှိရာ မေ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်ဘောလုံး အသင်းနှင့် ပူတာအိုခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။           ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားခရိုင်အသင်းနှင့် ပူတာအိုခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက တစ်ခဲနက်အားပေးကြည့်ရှုခဲ့ကြပြီး ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မြစ်ကြီးနားခရိုင်အသင်းက (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။          …

Read More

ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များပပျောက်ရေး အရောင်းပြခန်း၊ အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     မေ ၁၃           ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ဆိုင်ကယ်များ စိစစ်အရေးယူနိုင်ရေး၊  အရောင်းပြခန်းနှင့် အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များ စိစစ်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်း များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၃ ရက်  နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီ မံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က နိုင်ငံတော် ၏ ဘဏ္ဍာအခွန်ရငွေဆုံးရှုံးမှုမရှိစေရေးအတွက် လိုင်စင်မဲ့ ၊ အကောက်ခွန်မဲ့ဆိုင်ကယ်များ ပပျောက် ရေးအတွက် အရောင်းပြခန်းနှင့် အရောင်းဆိုင်များရှိ မော်တော်ဆိုင်ကယ်များကို စိစစ်ဆောင်ရွက်ပြီး အရောင်းဆိုင်များအနေဖြင့် လိုင်စင်ဖြင့် ရောင်းချနိုင်ရေး၊ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင် ရွက်လာစေရေးနှင့် စိစစ်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် မှန်ကန် တိကျစွာဆောင်ရွက်သွားရေး မှာကြားသည်။           ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးက…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဗန်းမော်ခရိုင်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိ သောတက္ကသိုလ်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့

ဗန်းမော်         မေ ၁၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ခရိုင်အတွင်းရှိ တက္ကသိုလ်များဖွင့်လှစ်၍ သင်ကြားရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေ များပေးအပ်ခြင်းကို မေ ၁၁ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့် ဆောင်၊ တာဝန်ရှိသူများလိုက်ပါလျက်ရှိ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့် ပါမော က္ခဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အခက်အခဲအနှောင့်အယှက်များစွာရှိသော်လည်းမိမိတို့၏အနာဂတ်လူငယ်မျိုးဆက် သစ်များ၏ ပညာရေးအတွက် ကြိုးပမ်းသင်ကြားပေးလျက်ရှိသော ဆရာ/ ဆရာမများအား မှတ်တမ်း တင်ဂုဏ်ယူအပ်ပါကြောင်း၊ မိမိတို့စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားရေးဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အားလုံးနှင့် လက်တွဲညှိနှိုင်း၍ အပြည့်အဝ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗန်းမော်နှင့် မန်စီမြို့နယ်အတွင်း တွေ့ဆုံပွဲများ ကျင်းပပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်                                      မေ         ၁၀           ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက်နေ့တွင် ဗန်းမော်နှင့် မန်စီမြို့နယ်တို့တွင် တွေ့ဆုံပွဲ များကျင်းပပြီး စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ် မှုများကို ဆောင်ရွက်ခဲ့ကြသည်။           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့ စုပေါင်းရုံးတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး  ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ သမိုင်းတစ်လျောက် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိ နိုင်ငံရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အနေ ဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းလာစေရေးအတွက် လွတ်လပ်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်အတွင်းဌာနဆိုင်ရာများ၊ကျေးအုပ်ချုပ်ရေးမှူးများ၊နေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်         မေ     ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင် ရွက်ရန်အတွက် ဗန်းမော်မြို့သို့ မေ ၉ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး မိုးမောက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံအားပေးပြီး ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ပြည်နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်နှင့် တာဝန်ရှိသူများက ဗန်းမော်မြို့၊ မြို့ရှောင်လမ်းပေါ်ရှိ အဝေးပြေးကားကြီးကွင်းတည်ဆောက်ရေးစီမံကိန်းနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။  ထို့နောက် မိုးမောက်မြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နှင့် ဒေါ့ဖုန်းယန်မြို့တို့မှ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်း ရှိ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပလနကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံ၊ တက္ကသိုလ်ဒီဂရီကောလိပ်များသို့ သင်ကြားရေးလုပ်ငန်းဆောင်ရွက်နေသူများအား သွားရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     မေ ၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ  မေ ၈ ရက် နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်းရှိ ပလန(၁၊၂၊၃၊၄၊၅)နှင့် ငွေပျော်စံပြကျေးရွာများမှ  ပြည်သူများနှင့် ပလန(၂)ကံ့ကော်မြိုင်ကျေးရွာ၊ ရွှေကံကော်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။           ပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိ ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်တို့ကို ချမှတ်၍ ဆောင်ရွက်နေသည့် အခြေအနေများ ကိုရှင်းလင်းပြောကြားပြီး မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကြားကာလတာဝန်ယူဆောင်ရွက် ရသော်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အားလုံးအတူ တကွလက်တွဲပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း…

Read More

ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၇           ကချင်ပြည်နယ်တစ်ဝှမ်း ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တစ်အုပ်တစ်မ သစ်ပင်ပေါင်း (၁၅၀၀၀၀)ကျော် စိုက်ပျိုးနိုင်ရေးနှင့် ဒေသအလိုက် သင့်လျော်သည့်နေရာများတွင် ဒေသမျိုးရင်းသစ်ပင်များ စိုက်ပျိုးရှင်သန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မေ ၇ ရက် နံနက် (၁၀)နာရီခွဲတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် နိုင်ငံ၏ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် သဘာဝပတ်ဝန်းကျင် အတွက် အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးနှင့် ရှင်သန် နိုင်ရေးသည့်အရေးကြီးပါကြောင်း၊ နှစ်စဉ်သစ်ပင်စိုက်ပျိုးလျက်ရှိသော်လည်းစောင့်ရှောက်မှုအားနည်း ခြင်းကြောင့် ဖြစ်ထွန်းမှုနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ယခုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ၏ အလေးထားညွှန်ကြားမှုနှင့်အတူ မိမိတို့အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် စိုက်ပျိုး သည့်အပင်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံ

မြစ်ကြီးနား     မေ ၆           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ် ကောင်စီအဖွဲ့ဝင်များနှင့် အတူ မေ ၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံပွဲကျင်းပသည်။           ထက်၊ လယ်၊ မူကျောင်းအုပ်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ သား/သမီးများ၏ ပညာရေးသည် မိမိတို့ ပြည်နယ်၏ အနာဂတ်အတွက် အရေးကြီးသလို လူငယ်/လူရွယ်များ၏ ပညာရေးသည်လည်း နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးပါ ကြောင်း၊ ယနေ့ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ သား/သမီးများ၏ အနာဂတ်အရေးအတွက် သင်ကြားရေးဖြင့် လမ်းမှန်ရောက်အောင်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန်တည်ဆောက်ရေး ပန္နက်ရိုက်တင်ပေး

မြစ်ကြီးနား     မေ ၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့်အတူ မြစ်ကြီးနားမြို့၌ ဆောက်လုပ်သွားမည့် နိုင်ငံအတွင်း အကြီးဆုံးရေကူးကန်တစ်ခုဖြစ်ပြီး ရေကူးပြေးလမ်း (၁၀)လမ်းပါသည့် ရေကူးကန်ဆောက်လုပ်နိုင်ရေးအတွက် မေ ၅ ရက် နံနက် ၉ နာရီ တွင် ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။           ရေကူးကန်တည်ဆောက်ရေးစီမံကိန်းကို မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာနပိုင်၊ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေကျပ်သန်း (၁၉၀၀)ဖြင့် အလျား(၁၅၀)ပေ၊ အနံ(၇၅)ပေရှိ ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူး ကန်တည်ဆောက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တည်ဆောက်ရေးလုပ်ငန်းတာဝန်ခံ မြန်မာမိတ်ကာဟုမ်း ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ ဝင်များအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်း…

Read More