ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်နှင့့်ငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဧပြီ ၂၀           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၁၇)ခုတို့မှ  နေရပ်စွန့်ခွာအိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်များနှင့် ထောက်ပံ့ ငွေများကို ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၊ တေဇခန်းမ၌ ထောက်ပံ့ပေးအပ်သည်။           ထောက်ပံ့ပေးအပ်ရာတွင်  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကောင်စီအနေဖြင့် နိုင်ငံရေးအပြောင်းအလဲကာလတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအောင် ဆောင် ရွက်နေသကဲ့သို့ နေရပ်စွန့်ခွာပြည်သူများကိုလည်း အတတ်နိုင်ဆုံးကူညီစောင့်ရှောက်ပေးရခြင်းဖြစ်ပါ ကြောင်း၊ နေရပ်စွန့်ခွာပြည်သူများအား ကူညီစောင့်ရှောက်ရေးနှင့် နေရပ်ပြန်လည်နေထိုင်ရေးကို လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့် ယခုလို ထောက်ပံ့ပေးသကဲ့သို့ ပြည်သူများ၏ ဘဝတည်ငြိမ်အေးချမ်းမှုရှိစွာနေထိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့နှင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း…

Read More

မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော်နာယူပွဲများ ကျင်းပ

မြစ်ကြီးနား    ဧပြီ(၁၇)           မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်မပျက် ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားမြို့၌ ဧပြီ ၁၇ ရက် (၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲကို ဇော်ဂျွန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ် ကမ်းပါး၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရွှေဝါငါးကြင်းနှင့် ငါးခုံး မကြီး ငါးသားပေါက်ကောင်ရေ (၂၂၀၀၀၀)ကျော်တို့ကို ဧရာဝတီမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် လွှတ်ပေးကြသည်။           ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သာသနာ့ဗိမ္ဗာန် တော်၌ ကျင်းပသည့်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ မဟာသင်္ကြန်ပွဲတော်အကျနေ့ ဝန်ထမ်းမိသားစုသင်္ကြန်ပွဲတော်ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၁၄           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝင်း အတွင်း မြန်မာ့ရိုးရာမိသားစုသင်္ကြန်ပွဲတော်ကို ဝန်ထမ်းမိသားစုမဟာသင်္ကြန်ပွဲတော်အဖြစ် ဧပြီ ၁၄ ရက်(တန်ခူးလဆန်း ၃ ရက်)မဟာသင်္ကြန်အကျနေ့တွင်ကျင်းပရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင်အညီ ကျင်းပပြုလုပ် သည်။           မဟာသင်္ကြန်ပွဲတော်အကျနေ့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် များနှင့် ၎င်းတို့၏ ဇနီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးတို့ တက်ရောက်ကြပြီး မဟာ သင်္ကြန်ပွဲတော် ယိမ်းအကအလှအဖွဲ့များက ပိတောက်လက်ဆောင်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့် လှစ်ပေးကြသည်။           ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က  မြန်မာ့ယဉ်ကျေးမှုထုံး တမ်းစဉ်လာနှင့်အညီ မဟာသင်္ကြန်ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်ခွင့်မရသော်လည်း မိသားစု သင်္ကြန်အနေဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊  မဟာသင်္ကြန်ကာလတွင် နှစ်ဟောင်းက အညစ်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအတွက် အိမ်တွင်းမှုအတတ်ပညာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဧပြီ ၁၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေး နှင့် အသိပညာတိုးတက်မြင့်မားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီတွင် မေခခန်းမ၌ ဝန်ထမ်းများအတွက် အိမ်တွင်းမှုအတတ်ပညာသင်တန်း ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ကောင်စီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူးနှင့် နည်းပြဆရာတို့ မိတ်ဆက်တွေ့ဆုံကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာတွင် လိုအပ်သည့် အတတ်ပညာများကို စဉ်ဆက်မပြတ်သင်ယူလေ့လာဖို့လိုအပ်သည့်အပြင် မိမိတို့ဘဝအတွက် အတတ် ပညာများကိုလည်းသင်ကြားတတ်မြောက်ဖို့လိုကြောင်း၊ ယခုလိုကာလတွင်ဝန်ထမ်းများအတွက် ကြိုး စားသင်ယူခွင့်ရအောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများကိုကျေးဇူးတင်ပါကြောင်း အားပေးအမှာ စကားပြောကြားသည်။…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများ ကွန်ပျူတာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ နှင့် အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဧပြီ ၁၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေး အတွက် ဖွင့်လှစ်ပို့ချပေးသည့် ကွန်ပျူတာစွမ်းရည်မြင့်မားရေးသင်တန်းဖွင့်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည် မြင့်မားရေးသင်တန်းဆင်းပွဲများသို့ ဧပြီ ၁၂ ရက်က တက်ရောက်အားပေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မေခခခန်းမ၌ ကျင်းပသော ဝန်ထမ်းများ ကွန်ပျူတာစွမ်းရည်မြင့်မားရေးသင်တန်းဖွင့်ကို နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများ နှင့် မိတ်ဆက်တွေ့ဆုံကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာတွင် လိုအပ်သည့် အတတ်ပညာ များကို စဉ်ဆက်မပြတ်သင်ယူလေ့လာဖို့လိုကြောင်း၊ ယခုသင်ကြားပေးနေသည့် သင်တန်းများသည် မိမိတို့ လုပ်ငန်းတွင်သာမက လုပ်ငန်းပြင်ပတွင်ပါ အသုံးချနိုင်သည့်အတွက်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပပြီး ဆေးရုံကြီးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဧပြီ ၁၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၁၂ ရက် မွန်းလွဲ ၁နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများအ နေဖြင့် မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်း နယ်မြေကျော်လွန် ခရီးထွက်ခွာမည်ဆိုပါက သတင်းပို့သွားကြရေး၊ မိမိတို့ရုံးလုံခြုံရေးကို တာဝန်ချထားပြီး အထူးဂရုစိုက်ကြရေး၊ သင်္ကြန်ကာလ အပြီးတွင် စိတ်သစ်လူသစ်ဖြင့် လုပ်ငန်းများကို အားအင်အပြည့်ဖြင့် ပြန်လည်ဆောင်ရွက်ကြရေး၊ ရုံး၊ ဝန်ထမ်းအိမ်ရာ ဂရန်နှင့် မြေနေရာမရရှိသေးသည့် ရုံး၊ ဌာနများ၏ စာရင်းပြုစု၍ လုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်လျှောက်ထားတင်ပြရေး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်း များကို သတ်မှတ်ချိန်အတိုင်း ပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်ကြရေးနှင့်…

Read More

မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ အောင်မြင်စွာကျင်းပရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၉ ရက် ညနေ ၄ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နှစ်စဉ် ကျင်းပသည့် သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်းမရှိသော်လည်း မြန်မာ့ရိုးရာအစဉ်အလာမပျက် မြန်မာ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့အတွက် ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ် သွားရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီး သီးအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာ ကြားသည်။…

Read More

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁) ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကို ဧပြီ ၉ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။           ကော်မတီအစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည် အဓိကျပါကြောင်း၊ မိမိတို့ ပြည်နယ်အတွက် ဖွွံ့ဖြိုးတိုးတက်မှုရေရှည်ခိုင်မာ ရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာ ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည် နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။           ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မင်းရပ်ဗဟိုဗလီနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီ(၇)ခုမှ ဘာသာရေးအကြီးအကဲများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဧပြီ ၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က မြစ်ကြီးနားမြို့ မင်းရပ်ဗဟို ဗလီနှင့် မြို့ပေါ်ရှိ ဗလီ (၇)ခုမှ အစ္စလာမ်သာဘာရေးအကြီးအကဲများနှင့် တွေ့ဆုံပွဲကို ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အစ္စလာမ်ဘာသာ ရေးအကြီးအကဲများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းလွတ်လပ်စွာနေထိုင်လာကြပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း မိမိ တို့ ကချင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် အတူတကွနေထိုင်လာကြသည့်အတွက် ညီနောင် မိတ်ဆွေများဟု သတ်မှတ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် တိုင်ပင်ဆွေးနွေးပြီး တည်ငြိမ်အေးချမ်းငြိမ်းချမ်းစွာ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်

မြစ်ကြီးနား     ဧပြီ ၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ဆမားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပွဲကျင်းပသည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြောင်းလဲမှုအခြေအနေ နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဝိုင်းမော်မြို့သည် ဖွံ့ဖြိုး တိုးတက်ရန် အရှိန်ယူနေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၊ မြို့မိ၊မြို့ဖ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်အားကောင်းလာစေရန် ဝိုင်းဝန်း…

Read More