ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁) ကျင်းပပြုလုပ်

 ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁) ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၉

          ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကို ဧပြီ ၉ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

          ကော်မတီအစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည် အဓိကျပါကြောင်း၊ မိမိတို့ ပြည်နယ်အတွက် ဖွွံ့ဖြိုးတိုးတက်မှုရေရှည်ခိုင်မာ ရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာ ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည် နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည် နယ်ကော်တီ၏ အခန်းကဏ္ဍ၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆက်လက်လုပ် ဆောင်ရမည့်အစီအစဉ်များနှင့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း ရေး၊ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ ဖွဲ့စည်းဆောင် ရွက်နိုင်ရေးတို့ကို ပါဝါပွိုင့်ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။

          ထို့နောက်ပြည်နယ်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော်လင်းအောင်၊ အတွင်းရေးမှူးဦးခင်မောင် လေးတို့က ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ် နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ မြေယာကိစ္စရပ်များ၊ လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် စိစစ် ကြပ်မတ်ရေးအဖွဲ့များ ဖွဲ့စည်းအတည်ပြုနိုင်ရေးပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအပေါ် ကြိုးပမ်းဆောင်ရွက်ကြရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့နှင့် ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေးတို့ကို အတည်ပြုဆုံးဖြတ်ပေး ခဲ့သည်။

          ထို့နောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မေခခန်းမ၌ ကျင်းပသည့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ Body Fitness သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ အားပေးအမှာစကားပြောကြားခဲ့သည်။