ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်

ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသော လူနာများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

မြစ်ကြီးနား     ဧပြီ ၃

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ဆမားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပွဲကျင်းပသည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြောင်းလဲမှုအခြေအနေ နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဝိုင်းမော်မြို့သည် ဖွံ့ဖြိုး တိုးတက်ရန် အရှိန်ယူနေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၊ မြို့မိ၊မြို့ဖ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်အားကောင်းလာစေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ရပ် ကွက်/ ကျေးရွာအုပ်ချုပ်‌ရေးမှူးများက ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့အင်္ဂါရပ်နှင့် အညီ မြို့တော်ခန်းမရရှိရေး၊ နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ပေးရေး၊ အမှတ်(၂)ဈေးတည်ဆောက်ပြီးစီး မှုကို ဆိုင်ခန်းများ စိစစ်ရောင်းချပေးနိုင်ရေး၊ တောင်သူများအတွက် စိုက်စရိတ်ချေးငွေရရှိရေး လယ် ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇)များ ထုတ်ပေးနိုင်‌ရေး၊ စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရေး၊ ရပ်ကွက်ချင်းဆက်လမ်းနှင့် တံတားများတည်ဆောက်ပေးရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လမ်းဆုံမီးပွိုင့်များ ထပ်တိုးတပ်ဆင်ပေးနိုင်ရေး၊ မြို့နယ်ဘောလုံးကွင်း ပွဲကြည့် စင်ဆောက်လုပ်ပေးရေး၊ ရွှေညောင်ပင်ကျေးရွာအခြေခံ ပညာကျောင်းအတွက် ဆရာ၊ ဆရာမဝန်ထမ်း အိမ်ရာရရှိရေးတို့ကို တင်ပြတောင်းဆိုကြသည်။

တင်ပြတောင်းဆိုမှုများအပေါ် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဘဏ္ဍာနှစ်အလိုက်လျာထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက်ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည့် ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအားရင်းရင်းနှီးနှီးအားပေးခဲ့ကြကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆေးရုံကြီး ဆေး ပဒေသပင်အတွက် မတည်ငွေကျပ် သိန်း ၅၀ နှင့် ဆေးရုံအတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်၊ သူနာပြုများ ၅၀ ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငေွကျပ် ၁၅ သိန်းကို မြို့နယ်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ခံဆရာဝန်တို့ထံ ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ် စု၊ တန်ဘောင်ကျေးရွာတွင် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ၏ KSP Logistic ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မော်တော်ယာဉ်ရပ်နားစခန်း တည်ဆောက် ရေးစီမံကိန်း ၈၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လိုအပ်ချက်၊အခက်အခဲများနှင့်ပတ်သက်၍ တင်ပြချက် များအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်နည်းနိုင်သမျှ နည်းအောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းရင်းသားများ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာရေးသည် အရေးကြီးသည့်အတွက် လိုအပ်သည်များကို ဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။