ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မင်းရပ်ဗဟိုဗလီနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီ(၇)ခုမှ ဘာသာရေးအကြီးအကဲများနှင့် တွေ့ဆုံ

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မင်းရပ်ဗဟိုဗလီနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီ(၇)ခုမှ ဘာသာရေးအကြီးအကဲများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဧပြီ ၈

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က မြစ်ကြီးနားမြို့ မင်းရပ်ဗဟို ဗလီနှင့် မြို့ပေါ်ရှိ ဗလီ (၇)ခုမှ အစ္စလာမ်သာဘာရေးအကြီးအကဲများနှင့် တွေ့ဆုံပွဲကို ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အစ္စလာမ်ဘာသာ ရေးအကြီးအကဲများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းလွတ်လပ်စွာနေထိုင်လာကြပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း မိမိ တို့ ကချင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် အတူတကွနေထိုင်လာကြသည့်အတွက် ညီနောင် မိတ်ဆွေများဟု သတ်မှတ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် တိုင်ပင်ဆွေးနွေးပြီး တည်ငြိမ်အေးချမ်းငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အချင်းချင်းဆွေးနွေး တိုင်ပင်ပြီး ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့၏အလုပ်အကိုင်စီးပွားရေးတိုးတက်ဖွံ့ဖြိုး ရေးကို ဝိုင်းဝန်းကြိုးပမ်းကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် မင်းရပ်ဗဟိုဗလီနှင့် မြို့ပေါ်ရှိ ဗလီ(၇)ခုမှ ဘာသာရေးအကြီးအကဲများက မကြာ ခင်ကာလအတွင်း ရောက်ရှိလာမည့် ဥပုဒ်လအတွက် ငြိမ်းချမ်းစွာ ဝတ်ပြုဆုတောင်းခွင့်ရရှိရေး၊ ဗလီ များပြုပြင်နိုင်ခွင့်ရရှိရေးနှင့် မွတ်စလင်လူမှုကူညီရေးအသင်းမှ သာရေးနာရေးကိစ္စများတွင် တွေ့ကြုံရ သည့်အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

          ဆွေးနွေးတင်ပြချက်များအပေါ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဥပုဒ်ကာလအတွင်း ဝတ်ပြုဆုတောင်းခြင်းကို နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးညွှန် ကြားချက်များနှင့်အညီ လူဦးရေ ၅၀ ဖြင့်သာ အချိန်ခွဲ၍ ဆောင်ရွက်နိုင်ကြောင်း၊ ဗလီများပြုပြင်ထိန်း သိမ်းခွင့်ကို ထုတ်ပြန်ညွှန်ကြားထားသည့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်ဆောင်ရွက်နိုင် ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မည်သည့်ကိစ္စရပ်မဆို လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။