ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး(ဆင့်ပွား)သင်တန်းဖွင့်လှစ်
မြစ်ကြီးနား ဇွန် ၂၀ ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ဌာနဆိုင်ရာအဖွဲ့အစည်း ဝန်ထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်နိုင်စေရေန် ရည်ရွယ်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ဇွန် ၂၀ ရက် နံနက် ၉ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဗဟိုကော်မတီ နာယက၊ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုလျော့နည်း ပပျောက်ရေးအတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက် များအပေါ် လိုက်နာပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အတွက် ရသင့် ရ ထိုက်သော အခွန်အခများ ပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ [&Read More